ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ဒဏ်သင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ တတိယအကြိမ်မြောက် ကွင်းဆင်းဆေးကုသမှုများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ဒဏ်သင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ တတိယအကြိမ်မြောက် ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်


MNP ၊ ဩဂုတ် ၂၁

ကျန်းမာရေးဝန်ကြီးဌာနသည် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) ဒဏ်သင့် ရခိုင်ပြည်နယ်မှ ဒေသခံပြည်သူများ လိုအပ်သောအထူးကုသမှုများ(Super Specialty) ရရှိနိုင်စေရေးအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် အထူးကု ဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန် တို့မှ နှလုံးရောဂါဆေးပညာ၊ အစာအိမ်နှင့် အူလမ်းကြောင်း ဆေးပညာ၊ ဦးနှောက်နှင့် အာရုံကြောဆေးပညာ၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ပညာ၊ ဆီးချိုနှင့် ဟော်မုန်းဆေးပညာ၊ သွေးရောဂါ ပညာ၊ ရင်ခေါင်းဆေးပညာ၊ အရိုးအကြောအဆစ်ဆေးပညာ၊ အထွေထွေရောဂါကုဆေးပညာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ဩဂုတ် ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ကျန်းမာရေးဝန်ကြီးဌာနအစီ အစဉ်ဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သွားရောက်ကာ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံအငြိမ်းစား ဆရာဝန်ကြီးများနှင့်အတူ ဒေသခံ ပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးသည်။

အဆိုပါ အထူးကုဆေးကုသရေးအစီအစဉ်တွင် စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ အခြားသော မြို့နယ်များဖြစ်သည့် ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင် စသည့်မြို့နယ် ၁၀ မြို့နယ် မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများပါ လာရောက်ပြသခဲ့ပြီး နှစ်ရက်အတွင်း နှလုံးရောဂါ ဆိုင်ရာ ၁၀၁ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ၇၅ ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေး ကုသမှုဆိုင်ရာ ၉၅ ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှု ဆိုင်ရာ ၄၈ ဦး၊ ဆီးချိုနှင့်ဟော်မုန်းဆိုင်ရာ ၆၉ ဦး၊ သွေးရောဂါ ဆိုင်ရာ ၁၆ ဦး၊ အထွေထွေရောဂါဆိုင်ရာ ၁၈၅ဦး၊ ရင်ခေါင်းရောဂါဆိုင်ရာ လူနာ ၂၅ ဦး၊ အရိုးအကြော အဆစ်ရောဂါဆိုင်ရာ ၂၅၇ ဦး စုစုပေါင်း ဒေသခံပြည်သူ ၈၇၁ ဦး တို့ကို ကြည့်ရှုကုသမှုပေးခဲ့သည်။

အဆိုပါ လူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echocardiography) ၃၁ ဦး၊ အစာအိမ်နှင့်အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်း (OGDS) ၁၄ ဦး၊ အူမကြီးမှန်ပြောင်း ကြည့်ရှုခြင်း (Colonoscopy) နှစ်ဦး၊ ဒူးခေါင်းတွင်းဆေးထိုး၍ ကုသပေးသူငါးဦး၊ ကွန်ပျူတာ ဓာတ်မှန်ဖြင့် စစ်ဆေးခြင်း (CT scan) ကိုးဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၇၁ဦး၊ ဓာတ်ခွဲစမ်းသပ် သူ ၁၆၈ ဦး၊ Ultrasound ရိုက်ခြင်း ၂၉ ဦး၊ နှလုံးစက်ဖြင့်စစ်ဆေးခြင်း(ECG) ၁၂၄ ဦးတို့ကို စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး နှလုံးရောဂါ ဆက်လက်ဆေးကုသရန် လိုအပ်သောလူနာခြောက်ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း၊ ရင်ခေါင်းဆေးကုသမှု ဆက်လက်ဆောင်ရွက်ရန် လိုအပ်သော လူနာတစ်ဦးကို အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်သို့လည်းကောင်း လွှဲပြောင်းကုသနိုင်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ်လျော့နည်းကျဆင်းစေရေးအတွက် ရန်ကုန်/မန္တလေးမှ အထူးကုဆေးကုသရေးအဖွဲ့များ၏ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိရာ ယခုခရီးစဉ်သည် ၂၀၂၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်သို့ တတိယအကြိမ် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး-ပုသိမ်မြို့၊ ရှမ်းပြည်နယ် -တောင်ကြီးမြို့၊ မကွေးတိုင်းဒေသကြီး-မကွေးမြို့များသို့ ဆောင်ရွက်ခဲ့ပြီးဖြစ်ကာ အခြားသော တိုင်းဒေသကြီး/ ပြည်နယ်များ၌လည်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)