MNP ၊ ဩဂုတ် ၁၂
ဝါတွင်းကာလသို့ ရောက်ရှိပြီဖြစ်၍ မြန်မာလူမျိုးတို့၏ ထုံးတမ်းအစဉ်အလာအရ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မြို့နယ်အကောက်ခွန်ဦးစီးဌာန၏ ဝန်ထမ်းများနှင့်မိသားစုဝင်များ စုပေါင်း၍ ယမန်နေ့နံနက် (၁၀) အချိန်က မူဆယ်မြို့နယ်၊ မိုင်းယု(၁၀၅)မိုင်၊ နမ့်ဟွယ်ကျေးရွာရှိ ဇေယျမင်္ဂလာကျောင်းတိုက်တွင် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ခဲ့ကြပါသည်။
ရှေးဦးစွာ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲသို့ တက်ရောက်လာသော မူဆယ်မြို့နယ်၊ အကောက်ခွန်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှုး ဦးဝင်းမင်းဦးနှင့်တကွဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ရပ်မိရပ်ဖများက ဩကာသကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ခဲ့ကြပါသည်။ ထို့နောက် မိုင်းယု(၁၀၅)မိုင်၊ နမ့်ဟွယ်ကျေးရွာရှိ ဇေယျမင်္ဂလာကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တော်မူခဲ့ကြပြီး ရဟန်းသံဃာအရှင်သူမြတ်တို့အား သင်္ကန်းကပ်လှူ ပူဇော်ရခြင်း၏ အကျိုးကျေးဇူးများနှင့် နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို နာကြားခံယူတော်မူခဲ့ကြပါသည်။ ဆက်လက်ပြီး မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှုးနှင့်တကွ ဌာနဝန်ထမ်းများက ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်များကို သင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ကပ်လှူပူဇော်ခဲ့ကြပြီး နေဆွမ်း၊ သစ်သီးနှင့်အချိုရည်တို့ကို ဆက်ကပ်ပူဇော်ခဲ့ကြပါသည်။ ထို့အပြင် ဇေယျမင်္ဂလာကျောင်းတိုက်ရှိ “မေတ္တာစံအိမ်” မိဘမဲ့ပရဟိတဂေဟာရှိ ကလေးသူငယ်များကို အစားအသောက်အာဟာများနှင့် နေ့လည်စာ ကျွေးမွေးကုသိုလ်ယူလှူဒါန်းခဲ့ကြပြီး ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းနှင့် မိဘမဲ့ပရဟိတ ဂေဟာတို့တွင် လျှစ်စစ်မီးသွယ်တန်းတပ်ဆင်ရန်အတွက် ကုသိုလ်ပြုအလှူငွေ (၂၅)သိန်းကျပ်တိတိနှင့် ဆရာတော်၊ သံဃာတော်များအား သင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများ တန်ဖိုးငွေကျပ်(၅၅)သိန်းကျော် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment