ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်


MNP ၊  ဩဂုတ်  ၁၆

ချင်းပြည်နယ်ကလေးအလုပ်သမားပပျေက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၃) ကို သြဂုတ်လ ၁၅ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ချင်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးကော်မတီနှင့် လုပ်ငန်းကော်မတီ(၈)ခုကို ပြည်နယ်ဝန်ကြီးချုပ်နာယကအဖြစ်ဦးဆောင်၍ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများဖြင့် ဖွဲ့စည်းထားပြီး အမျိုးသားကော်မတီမှ ချမှတ်ထားသည့် လုပ်ငန်းတာဝန်များကို ဒေသလုံခြုံရေးအခြေအနေအပေါ်မူတည်၍ အတတ်နိုင်ဆုံး ကြိုပမ်းဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ကလေးအလုပ်သမားဖြစ်ရခြင်းမှာ မိဘအုပ်ထိန်းသူများ အလုပ်လက်မဲ့ဖြစ်ခြင်း၊ ဆင်းရဲနွမ်းပါးခြင်း ၊ မိသားစုဝင်များပြား၍ စီးပွားရေးအဆင်မပြေဖြစ်ခြင်း ၊ ပညာဆုံးခန်းတိုင် သင်ကြားနိုင်ရေး အခက်အခဲဖြစ်ခြင်းများကြောင့်ဖြစ်ပြီး မိဘအုပ်ထိန်းသူများ အလုပ်အကိုင်အခွင့်အလမ်းများပြားလာမှသာ ကလေးအလုပ်သမားလျော့နည်းမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း အလုပ်အကိုင်များရရှိနိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ ချင်းပြည်နယ်နှင့်ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းများအခြေခံသည့် အသေးစား၊ အငယ်စား ၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) လုပ်ငန်းများ အပြင် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးအတွက် KG+9 အထိ မသင်မနေရပညာပေးကို အတတ်နိုင်ဆုံးသင်ကြားပေးနိုင်ရေး စီမံဆောင်ရွက်ထားပါကြောင်း၊ သို့ဖြစ်၍ ဆပ်ကော်မတီအလိုက် စီမံချက်ပါအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်းဖြင့် အမှာစကားပြောကြားသည်။


ထို့နောက် ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူး ၊ ချင်းပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဟုန်းကီးကလုပ်ငန်းကော်မတီနှင့်ဆပ်ကော်မတီ( )ခု၏ ဖွဲ့စည်းပုံ ၊ အစည်းအဝေးကျင်းပနိုင်မှု ၊ အမျိုးသားကော်မတီအစည်းအဝေးတက်ရောက်နိုင်မှု၊ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေ ၊ ဆပ်ကော်မတီအလိုက် ၂၀၂၂−၂၀၂၃ ဘဏ္ဍာရေးနှစ် ရန်ပုံငွေရရှိမှု၊ သုံးစွဲမှုနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။


ယင်းနောက် ဆပ်ကော်မတီများဖြစ်သည့် စာရင်းကောက်ယူရေးလုပ်ငန်းဆပ်ကော်မတီ၊ အသိပညာပေးရေးနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဆပ်ကော်မတီ၊ ပညာရေးနှင့်အသက်မွေး ဝမ်းကျောင်းလုပ်ငန်းဆပ်ကော်မတီ ၊ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီ ၊ စောင့်ကြည့်အကဲဖြတ် စိစစ်ရေးလုပ်ငန်းဆပ်ကော်မတီနှင့် ရန်ပုံငွေရှာဖွေရေးလုပ်ငန်းဆပ်ကော်မတီတို့မှ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက မိမိတို့ဆပ်ကော်မတီအလိုက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။


ရှင်းလင်းတင်ပြချက်များပေါ် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးမောင်မောင်ဆန်းနှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက အကြံပြုဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)