မော်လမြိုင်မြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာ အထက်တန်း ကျောင်း၌ ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်မြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာ အထက်တန်း ကျောင်း၌ ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား


MNP ၊ ဩဂုတ် ၄

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်း၌ ဩဂုတ် ၃ ရက် ည ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက် နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်း အဖွဲ့များက မီးသတ်ယာဉ် ၂၅ စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၄၉ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

ထိုသို့ မီးလောင်ကျွမ်းမှုကြောင့် ကျောင်းအုပ်ကြီးရုံးခန်း၊ စာရေးအခန်းနှင့် စာသင်ခန်း ၉ ခန်းပါ နှစ်ထပ်ဆောင် အဆောက်အဦ ၁ လုံး၊ စာသင်ခန်း ၇ ခန်းပါ သုံးထပ်ဆောင် အဆောက်အဦ ၁ လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ကာ လူနှင့် တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားခဲ့သည့်ကျောင်းသို့ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး ဆရာ၊ ဆရာမများအား တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)