ပန်ဆိုင်း(ကြူကုတ်)မြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်ဆိုင်း(ကြူကုတ်)မြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေး



MNP ၊  ဩဂုတ်  ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးကို ယနေ့နံနက် (၉:၃၀)အချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ပန်ဆိုင်း(ကြူကုတ်) မြို့ပြည်သူ့ဆေးရုံမှ အထက်တန်းသူနာပြု ဒေါ်နန်းမူမူဇော်နှင့် ကျန်းမားရေးဝန်ထမ်းများက ထိုးနှံဆောင်ရွက်ပေးခဲ့ကြပြီး ကာကွယ်ဆေးမထိုးနှံမှီ ကျောင်းသား/သူများအား ၎င်းတို့၏ မိဘများထံမှ ကာကွယ်ဆေးထိုးနှံခွင့်ရယူ၍ မထိုးနှံမှီ အပူချိန်တိုင်းတာခြင်း၊ ယခင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးသည့် အကြိမ်အရေအတွက်နှင့် နောက်ဆုံးထိုးနှံခဲ့သည့် လ၊ ရက်တို့ကို မေးမြန်းစာရင်းကောက်ယူခြင်းအပြင် လိုအပ်သော ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှုများကို လုပ်ဆောင်ပေးခဲ့ကြသည်။ ယင်းကာကွယ်ဆေးကို အသက်(၁၂)နှစ်နှင့်အထက်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူစုစုပေါင်း(၁၁၁)ဦးနှင့် အ​လကခွဲကျောင်းမှ ကျောင်းသား/သူ(၄၁)ဦးတို့ကို ထိုးနှံပေးခဲ့ပါသည်။ ထိုသို့ ကျောင်းသား/သူများအား ကာကွယ်ဆေးထိုးနှံပေးရာတွင် ပန်ဆိုင်း(ကြူကုတ်)မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ်အောင်နှင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများက အနီးကပ်စောင့်ကြည့်ပြီး လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)