မြန်မာ ယူ-၁၂ အသင်း ဂျပန်နိုင်ငံ၌ ကစားသည့် ခြေစမ်းပွဲများတွင် နိုင်ပွဲရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ ယူ-၁၂ အသင်း ဂျပန်နိုင်ငံ၌ ကစားသည့် ခြေစမ်းပွဲများတွင် နိုင်ပွဲရရှိ


MNP ၊ ဩဂုတ် ၂၉

ဂျပန်နိုင်ငံ ချီဘားမြို့တွင်ကျင်းပသည့် (၁၁) ကြိမ်မြောက် U-12 Junior World Challenge 2023 ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် မြန်မာ ယူ-၁၂ အသင်းသည် ယင်းပြိုင်ပွဲအပြီး သြဂုတ် ၂၈ ရက်တွင် ဂျပန်နိုင်ငံမှ လူငယ်အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရာသုံးပွဲစလုံး အနိုင်ရခဲ့သည်။

မြန်မာ ယူ-၁၂ အသင်းသည် ပြိုင်ပွဲအပြီးတွင် ဂျပန်နိုင်ငံ၌ ဆက်လက်နေထိုင်ကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခြင်းဖြစ်သည်။ မြန်မာ ယူ-၁၂ အသင်းသည် U-12 Junior World Challenge 2023 ပြိုင်ပွဲ ယှဉ်ပြိုင်သည့်အပြင် ကစားသမားများအတွေ့အကြုံရရှိစေရန် ဂျပန်နိုင်ငံမှ လူငယ်အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခြင်းဖြစ်သည်။ မြန်မာ ယူ-၁၂ အသင်းသည် Saitama City North FC အသင်းကို လေးဂိုး-ဂိုးမရှိ၊ Una Primavera Football Club အသင်းကို ခြောက်ဂိုး-တစ်ဂိုး၊ Niiza Katayama FC အသင်းကို လေးဂိုး-ဂိုးမရှိတို့ဖြင့် အနိုင်ရခဲ့သည်။

မြန်မာ ယူ-၁၂ အသင်းသည် U-12 Junior World Challenge 2023 ပြိုင်ပွဲ ယှဉ်ပြိုင်ရာ အဆင့် ၂၆ ရရှိခဲ့သည်။ ယင်းပြိုင်ပွဲတွင် ဥရောပထိပ်သီးကလပ်များဖြစ်သည့် ဘာစီလိုနာ၊ ဂျူဗင်တပ်စ်လူငယ်အသင်းများအပြင် ဂျပန်နှင့်တရုတ်နိုင်ငံများမှ လူငယ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။


ရဲရင့်လွင်၊ ဓာတ်ပုံ - MFF

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)