အလုံမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုံမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးပေး


MNP ၊  ဩဂုတ်  ၃

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ထိုးနှံပေးရာတွင် ငါးမျိုးစပ်ကာကွယ်ဆေး(ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ ဉီးနှောက်အမြှေးရောင်)၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ ပိုလီယိုအစက်ချဆေး၊ ပိုလီယိုထိုးဆေး၊ ဂျပန်ဉီးနှောက်ရောင်ကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဘီစီဂျီ(ဉီးနှောက်တီဘီရောဂါကာကွယ်ဆေး)၊ ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေးစသည့် ကာကွယ်ဆေးများကို ထိုးနှံပေးခြင်းဖြစ်ပြီး ယနေ့တွင် ကလေးနှင့်ကိုယ်ဝန်ဆောင်မိခင်  စုစုပေါင်း(၁၂)ဦးအား ထိုးနှံပေးခဲ့သည်။


အဆိုပါကာကွယ်ဆေးများကို လစဉ်လဆန်း ၁ ရက်နေ့မှ ၇ ရက်နေ့ထိ  ရုံးဖွင့်ရက်များတွင် နံနက် ၉ နာရီခွဲမှ  မွန်းလွဲ ၃ နာရီအထိ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။


တင်တင်ချို 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)