ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များဆက်လက်ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များဆက်လက်ဖြန့်ဝေ





MNP ၊  ဩဂုတ်  ၁၇

 ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နေ့လယ် ၃  နာရီအချိန် ဝေသာလီရပ်ကွက် ၊ သုံးမိုင်လမ်းဆုံတွင် တာဝန်ရှိသူများ အသိပညာပေး လက်ကမ်းစာစောင်များအား ဆက်လက်ဖြန့်ဝေ ပေး ခဲ့ကြသည်။


ထို့သို့ဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန  ၊ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီး  နှင့် ဝန်ထမ်းများ ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင် နှင့် တပ်ဖွဲ့ဝင်များ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များ ၊ မိခင် နှင့် က လေး စောင့်ရှောက်ရေးအသင်းဝင်များ ၊ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ နှင့် တာဝန်ရှိသူများက လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ရေဘေးအသိပညာပေး လက်ကမ်းစာစောင်တွင်  ရေဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန်များ ၊ ရေကြီးခြင်း သတိပေးချက်ရလျှင် ဆောင်ရွက်ရန်များ ၊  ရေကြီးခြင်း ဖြစ်ပေါ်နေချိန်တွင် လိုက်နာရန် နှင့် ရှောင်ရှားရန် အချက်များ ၊ ရေကြီးပြီးနောက် ပြုလုပ်ဆောင်ရွက်ရန် နှင့် ရှောင်ရှား သင့်သည့် အချက်များ ပါဝင်သော အသိပညာပေး လက်ကမ်းစာစောင်များကိုဝေသာလီရပ်ကွက် ၊ သုံးမိုင်လမ်းဆုံတွင် ဖြတ်သန်း သွား လာနေကြသော အများပြည်သူများနှင့် ဈေးရောင်းချနေသူများအား အသိပညာဗဟုသတရရှိစေရေးအတွက်ဖြန့်ဝေပေးခဲ့ကြကြောင်း သိရ သည်။


သက်လွင်စိုး ၊ အောင်ကျော်စိန်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)