ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဓနုဖြူမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ကြည့်ရှုအားပေး ဒေသခံတောင်သူများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဓနုဖြူမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ကြည့်ရှုအားပေး ဒေသခံတောင်သူများနှင့် တွေ့ဆုံ





MNP ၊ ဩဂုတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ၂၇-၈-၂၀၂၃ ရက်နေ့က ဓနုဖြူမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဓနုဖြူမြို့နယ်ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ထီကွေ့ကျေးရွာ၊ တောင်သူဦးကျော်ဝင်းစိန်၏ စိုက်ဧက (၄) ဧကရှိ မှော်ဘီ (၃) စပါးအမျိုးအစား RS to CS မျိုးစေ့ထုတ်စိုက်ခင်းအားလည်းကောင်း၊ တမြာကျေးရွာရှိ ဦးအေးသောင်းပါ တောင်သူ (၂၀) ဦး၏ မိုးစပါးတစ်ဧက တင်း (၁၀၀) နှင့်အထက် ဧက (၁၀၀) စံပြကွက်များအား ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အထွက်တိုး မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ ခေတ်မီစိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာ၊ဓါတ်မြေဩဇာများအချိုးကျသုံးစွဲခြင်း၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းများဖြင့် ပန်းတိုင်အထွက်နှုန်းတိုးတက်ထွက်ရှိစေရေး ဆောင်ရွက်ထားရှိပါကြောင်း၊ တောင်သူများအနေဖြင့်လည်း စနစ်တကျလိုက်ပါဆောင်ရွက်ကြသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေထောက်ပံ့ပေးထား၍ အထွက်နှုန်းများ ပိုမိုတိုးတက်ထွက်ရှိစေရေးဆောင်ရွက်ရန်၊ မိုးလေဝသတင်းများနားထောင်၍ စိုက်ခင်းများထိခိုက်မှုမရှိစေရေး၊ ပိုးမွှားများကျရောက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရေး ကြိုးစားဆောင်ရွက်ကြရန်လိုပါကြောင်း မှာကြားခဲ့သည်။ ထို့နောက် ဓနုဖြူမြို့၊ အမှတ် (၁) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်ကမ်းနားလမ်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းနံရံနှင့် တမံတည်ဆောက်ခြင်း (အလျား ၂၀၀ပေ) လုပ်ငန်းသို့သွားရောက်၍ ဧရာဝတီမြစ်ရေ တက်ရောက်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီး မြစ်ရေအမှတ် မှတ်တိုင်များ စနစ်တကျစိုက်ထူထားရှိရန်၊ စိုးရိမ်ရေမှတ်၊ အန္တရာယ်ရေမှတ်များသို့ရောက်ရှိနိုင်မှုအားရေကင်းများထားရှိပြီး စဉ်ဆက်မပြက် စောင့်ကြည့်၍ မြစ် ရေတက် ရောက်မှု အခြေအနေများသတင်းပေးပို့ဆောင်ရွက်ရန်၊ ဒေသခံပြည်သူများအား သဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ စနစ်တကျသိရှိလိုက်နာဆောင်ရွက်စေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖတ်သောင်ကျေးရွာသို့သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြေပြင်လူဦးရေ စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားဆောင်ရွက် ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရပ်ကွက်ကျေးရွာများအတွင်း ခရီးလွန်သူများ၊ ရွှေ့ပြောင်းလုပ်သားများစာရင်းများစနစ်တကျပြုစုထားရှိ၍ ကျန်ရှိမှုမရှိစေရေးဆောင်ရွက်ရန်၊ စာရင်းရေးသွင်းမှုများ မှားယွင်းမှုမရှိစေရေး အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း စာရင်းများပြည့်စုံမှန်ကန်စေရေး အင်တိုက်အားတိုက်ဆောင်ရွက်ပေးကြရန်မှာကြားခဲ့သည်။ ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးရုံးမှ မြေပြင်လူဦးရေ စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ မွေးဖွား၊ သေဆုံးစာရင်များ ကောက်ယူခြင်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်၊ မြို့နယ်ဦးစီးမှူးများမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြေပြင်လူဦးရေစာရင်းများပြည့်စုံမှန်ကန်စေရေး ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူများအားလုံးပူးပေါင်း ဆောင်ရွက်ပေးကြရန်၊ စာရင်းဇယားများ မှားယွင်းမှုမရှိစေရေး အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း စာရင်းများပြည့်စုံမှန်ကန်စေရေး မြေပြင်လူဦးရေ စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ပိုမိုဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့နယ်၊ ရေလယ်သောင်ကျောင်းကုန်းကျေးရွာသို့ သွားရောက်ခဲ့ပြီး ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကမ်းစားဖြစ်ပွားမှုများကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး၊ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူးတို့မှ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေးပြင်ဆင်ထားရှိမှု၊ အရေးပေါ်ယာယီကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားရှိမှုများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အရေးပေါ်ကာကွယ်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ရန်၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိစေရေးအတွက် ကြိုတင်ပြောင်းရွှေ့နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရန်မှာကြားခဲ့ပြီး ရေလယ်သောင်ကျောင်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်၍ ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံခဲ့ပြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးရုံးမှ ဟင်္သာတမြို့၊ ဆကာရပ်ကွက်ရပ်ကျေးအြပ်ချပ်ရေးမှူးရုံးတွင် မြေပြင်လူဦးရေ စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ မွေးဖွား၊ သေဆုံးစာရင်များ ကောက်ယူခြင်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်၊ မြို့နယ်ဦးစီးမှူးများမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က e-ID ဆာဗာတွင် ဖြည့်သွင်းရန်ကျန်ရှိသည့် စာရင်းများပြုစု၍ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များထံ ဖြန့်ဝေထားရှိပြီး အုပ်ချုပ်ရေးအဖွဲ့များကလည်း စာရင်းဖြည့်သွင်းရန်ကျန်ရှိသည့် အိမ်ထောင်စုဝင်များအားစုစည်းထားရှိရန်၊ မြေပြင်လူဦးရေစာရင်းများပြည့်စုံမှန်ကန်စေရေး ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူများအားလုံးပူးပေါင်း ဆောင်ရွက်ပေးကြရန်၊ သတ်မှတ်ကာလအတွင်း စာရင်းများပြည့်စုံမှန်ကန်စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။


လှမင်းထွဋ်

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)