ကျိုင်းတုံမြို့၌ ဌာနဆိုင်ရာပေါင်းစုံ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့၌ ဌာနဆိုင်ရာပေါင်းစုံ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်


MNP ၊  ဩဂုတ်  ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာပေါင်စုံ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၆ နာရီက ကျိုင်းတုံမြို့ သာသနာ့ဗိမ္မာနတော်ကြီး၌ ကျင်းပရာ ကျိုင်းယင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ခေမာစာရ အမှူးပြုသော သံဃာတော်များ ကြွရောက်‌တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ စေတနာရှင် အလှူရှင်များ တက်‌ရောက်ကြသည်။


ဦးစွာ ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက ကျိုင်းတုံမြို့၊ သံသရာအေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောသလ္လထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များ နာယူဆောက်တည်‌တော်မူကြပြီး သံဃာ‌တော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ၊ အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက ကျိုင်းတုံမြို့၊ သာသနာ့ဝေပုလ္လကျောင်းတိုက်ဆရာ‌တော် မဟာဓမ္မစရိယ ဘဒ္ဒန္တဝိဇယျထံမှ သာဓုအနုမောဒနာတရားနှင့် ရေစက်သွန်းချ အမျှဝေတရားနာယူတော်မူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကြောင်း သိရသည်။


အောင်ဇင်မြင့်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)