မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း က စားအုန်းဆီ ၃ရက်စာ ၁,၇၀၄,၅၂၆ ပိဿာ ယနေ့ စတင်ရောင်းချ ပေးသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း က စားအုန်းဆီ ၃ရက်စာ ၁,၇၀၄,၅၂၆ ပိဿာ ယနေ့ စတင်ရောင်းချ ပေးသွားမည်



MNP ၊ သြဂုတ် ၂၈

 ၂၀၂၃ခုနှစ် ဩဂုတ်လ ၂၆ရက် (စနေနေ့)တွင်ဘုရင့်နောင် ကုန်စည်ဒိုင်အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ ဥက္ကဌနှင့် စီမံခန့်ခွဲရေးကော်မတီဝင်များနှင့် စားအုန်းဆီ(In Bulk) တင်သွင်းသော ကုမ္ပဏီများ၊ ဘုရင့်နောင်၊ ညောင်ပင်လေးဈေးများနှင့်ရန်ကုန်မြို့ပေါ်ရှိ လက်လီလက်ကား ဆီကုန်သည်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပြီး စားအုန်းဆီ  ၃ရက်စာ ၁,၇၀၄,၅၂၆ ပိဿာ ယနေ့ စတင်ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ မှ ဈေးကွက်အတွင်း စားအုန်းဆီဈေးများလွန်ကဲစွာ မြင့်တက်လျှက်ရှိကြောင်း၊ စားအုန်းဆီများ တင်သွင်းရာတွင် ကျသင့်သည့် နိုင်ငံခြားငွေအမေရိကန်ဒေါ်လာ၏ ၅၀ရာခိုင်နှုန်းကို တစ်ဒေါ်လာ လျှင် ၂၁၀၀ကျပ် ဈေးဖြင့်ရောင်းချပေးထားပြီး ကျန် ၅၀ရာခိုင် နှုန်း ကိုလည်း တစ်ဒေါ်လာလျှင် ၂၉၂၀ ကျပ်ခန့်ဖြင့် ရောင်းချပေး ထားကြောင်း၊ သို့ဖြစ်၍ စားသုံးဆီတင်သွင်းသောကုမ္ပဏီများသည် ဘုရင့်နောင်၊ ညောင်ပင်လေးဈေးနှင့် ရန်ကုန်မြို့ရှိ စားသုံးဆီ အရောင်းဆိုင်အသီးသီးသို့   သတ်မှတ်ထားသော လက်ကားရည်ညွှန်းဈေးဖြင့် တိုက်ရိုက်ရောင်းချပေးရန် အသင်းမှ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အခြားသော လက်လီ လက်ကား ကုန်သည်များကလည်း အဆင့်ဆင့် အမြတ်များစွာမယူပဲရောင်းချပေးရန် တာဝန်ရှိကြောင်း၊ စားသုံးဆီများ ဈေးမြင့်တက်ခြင်းသည် စားသုံး ဆီ ကဏ္ဍတွင် ပါဝင်သောဆီလုပ်ငန်းရှင်အားလုံးတွင် တာဝန်ရှိကြောင်း၊ သို့ဖြစ်၍ စားအုန်းဆီဈေး များကို မြင့်တက်မှုမရှိဘဲ ဖြစ်သင့်ဖြစ်ထိုက်သည့် လက်ကားရည်ညွှန်းဈေး အနီးတွင်သာရှိရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကုမ္ပဏီအသီးသီးက ဈေးကွက်တွင် ဝယ်ယူရန်အခက်အခဲဖြစ်နေသည့် ဘုရင့်နောင်၊ ညောင်ပင်လေး ဈေး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လက်လီလက်ကားကုန်သည်များနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးသို့   လက်ကားရည်ညွှန်းဈေးဖြင့်ရောင်းချပေးမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။  


စားသုံးဆီ အများပိုင်ကုမ္ပဏီက လက်ကျန်ရှိ စားအုန်းဆီတန်ချိန်  ၄၇၁တန် (၂၆၂၂ပေပါ)၊ ပိဿာအားဖြင့် ၂၈၈၄၃၅ပိဿာကို လက်ကားရည် ညွှန်းဈေးဖြင့် ရောင်းချ ပေးမည်ဖြစ်ကြောင်း၊ Ideal Business Success Co; Ltd. Thein Than Yadana Co; Ltdနှင့် Jewel Arrow Co; Ltdတို့ကလည်း လက်ကျန်တန်ချိန်အားလုံးကိုရောင်း ချပေးမည်ဖြစ်ကြောင်း၊ တနင်္လာ၊ အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များတွင် ထုတ်ရောင်းချပေးရမည့် အရေအတွက်ကို ကုမ္ပဏီများက ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 


အထွေထွေ အတွင်းရေး မှူး ဦးပိုင်ဖြိုးသန့်မှ ဆီကုမ္ပဏီများက လက်လီလက်ကားကုန်သည်များသို့ လက်ကားရည်ညွှန်းဈေးဖြင့်ရောင်းချပေးမည့်အစီအစဉ်၊ လက်လီလက်ကားကုန်သည်များက ဝယ်ယူရရှိ သည့်ဆီကို အထွေထွေကုန်ကျစရိတ်နှင့် အသားတင်အမြတ်ငွေ ၂ရာခိုင်နှုန်း သာပေါင်းစပ်ပြီးရောင်းချရမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးပါသည်။ 


 ဆီတင်သွင်းသော ကုမ္ပဏီများက ယနေ့နှင့် တနင်္လာ၊ အင်္ဂါ နှင့် ဗုဒ္ဓဟူးနေ့များတွင် ရောင်းချမည့် အစီအစဉ်များကို တင်ပြဆွေးနွေးကြရာတွင် 

Ayeyar Hinthar Trading Co; Ltd က ၃ရက်အတွက် တန်ချိန် ၅၃၄တန်(၂၉၇၂ပေပါ) ပိဿာအားဖြင့် ၃၂၇၀၁၆ပိဿာကိုလည်းကောင်း၊ 

Diamond Dragon Co; Ltd က ၁၉၂ တန်(၁၀၆၈ပေပါ)ပိဿာအားဖြင့်၁၁၇၅၇၈ပိဿာကိုလည်း ကောင်း၊

Thein Than Yadana Co; Ltd က ၆၆တန်(၃၆၇ပေပါ)ပိဿာအားဖြင့် ၄၀၄၁၇ပိဿာကိုလည်း ကောင်း၊ 

Jewel Arrow Co; Ltdကတန်ချိန် ၆၃တန်(၃၅၀ပေပါ) ပိဿာအားဖြင့် ၃၈၅၈၀ ပိဿာကိုလည်းကောင်း၊ 

Myanmar Edible Oil Ind; Public Co; Ltd. ကတန်၂၄၃ တန်(၁၃၅၂ပေပါ) ပိဿာအားဖြင့် ၁၄၈၈၁၀ပိဿာကိုလည်းကောင်း၊ 

Grand Unity Co; Ltd က တန်ချိန် ၄၉၂တန်(၂၇၃၉ပေပါ) ပိဿာအားဖြင့် ၃၀၁၂၉၅ပိဿာကိုလည်းကောင်း၊ 

First Top Edible Oil Co; Ltd က တန်ချိန် ၄၉၂တန် (၂၇၃၉ပေပါ) ပိဿာအားဖြင့် ၃၀၁၂၉၅ပိဿာကိုလည်းကောင်း၊ 

Aung Thapyay Khaing Trading Co; Ltd က တန်ချိန် ၅၀.၇တန်(၂၈၂ပေပါ) ပိဿာအားဖြင့် ၃၁၀၄၈ပိဿာ ကိုလည်းကောင်း၊ 

Global Good Pure Group Co; Ltd က ၅၁တန်(၂၈၃ပေပါ) ပိဿာအားဖြင့် ၃၁၂၃၁ပိဿာကိုလည်းကောင်း၊ 

Wilmar Myanmar Edible Oil Co; Ltd ကတန်ချိန်၃၂၁ တန်( ၁၇၈၇ပေပါ) ပိဿာအားဖြင့် ၁၉၆၅၇၇ပိဿာကိုလည်းကောင်း၊ 

Zabu Kan Tun Trading Co; Ltd က တန်ချိန်၃၅.၇တန် (၁၉၈ပေပါ)၊ပိဿာအားဖြင့် ၂၁၈၆၂ပိဿာ ကို လည်းကောင်း၊ 

Resource Group Trading Co; Ltdက တန်ချိန် ၁၀၅တန် (၅၈၄ပေပါ)၊ ပိဿာအားဖြင့် ၆၄၃၀၀ ပိဿာ ကိုလည်းကောင်း၊ 

Ideal Business Success Co; Ltd. က တန်ချိန် ၃၆တန်(၂၀၀ပေပါ)ပိဿာအားဖြင့် ၂၂၀၄၆ပိဿာကိုလည်းကောင်း၊ 

Yadanabon Global Network Distribution Co; Ltd ကတန်ချိန် ၁၀၂တန် (၅၆၇ပေပါ)ပိဿာအားဖြင့် ၆၂၄၆၃ပိဿာကိုလည်းကောင်း အသီးသီး ရောင်းချသွားမည် ဖြစ်သည်။ 

စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများတွင် အများဆုံးတင်သွင်းခွင့်ရရှိသည့် ကုမ္ပဏီကြီးဖြစ်သော  Six Winner Brother Co Ltd ကမူ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း ၏ အစီအစဉ်ဖြစ်သော လက်လီလက်ကားကုန်သည်များသို့ လက်ကားရည်ညွှန်းဈေးဖြင့် ရောင်းချမည့် ယခု အစီ အစဉ်တွင် ပါဝင်ခြင်းမရှိဘဲ ကုမ္ပဏီရှိ ဆီလက်ကျန် တန်ချိန် ၃၃၆၈.၅၆၁ တန် (၁၈၇၅၃ပေပါ) ပိသာအားဖြင့် ၂,၀၆၂,၈၇၃ ပိဿာ အားလုံးကို မိမိကုမ္ပဏီ အစီအစဉ်ဖြင့် သာရောင်းချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

၂၈.၈.၂၀၂၃မှ ၃၀.၈.၂၀၂၃ အထိ ၃ရက်စာ တန်ချိန်၂၇၈၃.၄တန်(ပေပါအားဖြင့် ၁၅၄၉၅ပေပါ) ပိဿာအားဖြင့် ၁,၇၀၄,၅၂၆ ပိဿာကို တနင်္လာနေ့မှစတင်ရောင်းချ ပေးသွားမည်ဖြစ်ပြီး ရောင်းချသည့် ကုန်သည်များဈေးဆိုင်များ အနေဖြင့် လက်ကားရည်ညွှန်းဈေးအပေါ်တွင် အထွေထွေစရိတ်နှင့် အသားတင် အမြတ် ၂ရာခိုင်နှုန်းကိုသာပေါင်း၍ရောင်းချရမည်ဖြစ်သည်။ 

စားသုံးသူလက်ဝယ်သို့ရောက်ချိန်အထိ အဆင့်ဆင့် ရောင်းချသည့်တိုင်အောင်အသားတင်အမြတ်ငွေ၁၀ရာခိုင်နှုန်းထက်ကျော်လွန်ရောင်းချခြင်း မပြုရန်ဖြစ်ကြောင်း၊ ရောင်းချသည့်အခါတွင် တာဝန်ယူမှုတာဝန်ခံမှုအပြည့်ဖြင့် ဈေးနှုန်းများကိုရောင်းချပေးရန်ဖြစ်ကြောင်း  ရှင်းလင်း ဆွေးနွေးသွားသည်။  


Myanmar National Post

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)