နမ့်ခမ်းမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ခမ်းမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ


MNP ၊  ဩဂုတ်  ၁၁

ဒေသခံပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားနိုင်ရန်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်ပါက စနစ်တကျဖြင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက်ရှိ နေဝန်းနီ (IDP) တိုက်ပွဲရှောင်စခန်းတွင် ယမန်နေ့ညနေ (၁၄) နာရီအချိန်က အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဒေါ်သက်ထားလှိုင်က သဘာဝဘေးအန္တရာယ်မကျရောက်မီနှင့် ကျရောက်ချိန်များတွင် ဆောင်ရန်/ရှောင်ရန်များအကြောင်းကိုလည်းကောင်း၊ ကျန်းမာရေးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြသည်။


ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဒေါ်သက်ထားလှိုင်နှင့် အဖွဲ့ဝင်များက နေဝန်းနီ(IDP) တိုက်ပွဲရှောင်စခန်းအတွင်းရှိ ပြည်သူများအတွက် နှာခေါင်းစည်း (Mask) နှင့် Hand Jel များကို လှူဒါန်းပေးအပ်ခဲ့ပြီး သက်ကြီးဘိုးဘွား(၂)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်(၃) ဦးတို့အား အာဟာများထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ဟောပြောပွဲအပြီးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)