MNP ၊ ဩဂုတ် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်နှင့် ချင်းရွှေဟော်ဒေသထွက် သစ်ကြားသီးများ လားရှိုးမြို့တွင် ဈေးကောင်းရလျက်ရှိနေပြီး ရောင်းအားကောင်းလျက် ရှိနေကြောင်း သိရသည်။
လားရှိုးမြို့တွင် သစ်ကြားသီး(၅၀)လုံးလျှင် ခြောက်ထောင်ကျပ်ဈေးရှိပြီး ခွဲခြမ်းပြီးဗူးအတွင်းသို့ ထည့်ရောင်းသည့် သစ်ကြားသီးဗူးတစ်ဗူးလျှင် လေးထောင်ကျပ်ဈေးရှိကြောင်း သိရသည်။
“တချို့နယ်ဘက်ကနေလာကြတဲ့ ခရီးသွားဧည့်သည်တွေက သစ်ကြားသီးကို လားရှိုးက အပြန်လက်ဆောင်အဖြစ် ဝယ်ကြတယ်။ ဈေးကတော့ အရင်နှစ်ကထက် နည်းနည်းတက်တာပေါ့။ သူကိုစားရင်စိမ့်တယ်။ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်။” ဟု သစ်ကြားသီးရောင်းချသူတစ်ဦးက ပြောသည်။
သစ်ကြားသီးကို စားသုံးခြင်းဖြင့် သွေးတွင်းကို လက်စထရောကျဆင်းစေခြင်း၊ နှလုံးကျန်းမာစေခြင်း၊ ရောင်ရမ်းမှုကိုလျော့ကျစေခြင်း၊ အစာခြေစနစ် ကျန်းမာကောင်းမွန်စေခြင်း၊ ကင်ဆာဖြစ်နိုင်ခြေလျော့ကျစေခြင်း၊ ဆီးချိုရောဂါကိုကာကွယ်ပေးနိုင်ခြင်း၊ သိမြင်မှုစွမ်းရည်တိုးစေခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း ဆေးပညာမှတ်တမ်းများအရ သိရသည်။
စိုင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment