၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရပ်စောက်မြို့နယ်အဆင့် ကျန်းမာရေးအဆင့်မြှင့်ကျောင်း ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရပ်စောက်မြို့နယ်အဆင့် ကျန်းမာရေးအဆင့်မြှင့်ကျောင်း ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပ


MNP ၊  ဩဂုတ်  ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ဩဂုတ်လ(ဒုတိယပတ်) မြို့နယ်အဆင့် ကျန်းမာရေးအဆင့် မြှင့်ကျောင်းထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ် (၁၄) ရက်နေ့ နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၊ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက တစ်ကိုယ်ရေသန့်ရှင်းကျန်းမာခြင်းဖြင့် သီးချင်းဖြင့်သီဆို၍ အခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့ကြ သည်။ ဆက်လက်၍ မြို့နယ်ကျောင်းကျန်းမာရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာစန်းယုကိုက ကျောင်း ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်များကိုပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးမြင့်က ဆုချီးမြှင့် ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ယင်းနောက် ကျန်းမာရေးအဆင့်မြှင့်ကျောင်း ထူးချွန်ဆုရရှိသော အထက်တန်းဆင့်၊ အလယ်တန်းဆင့်၊ မူလတန်းဆင့်ကျောင်းများတွင် ပထဆု၊ ဒုတိယဆု၊ တတိယဆုရရှိသော အခြေခံ ပညာကျောင်း(၉)ကျောင်းအား မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာများမှ ဆုများအသီးသီးပေးအပ်ချီး မြှင့်ခဲ့ပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဆေးတွေနဲ့ကမ္ဘာသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ရာ မြို့နယ်ပညာရေးမှူးမှ  အဆိုပါကျောင်းသားကျောင်း သူလေးများအား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြောင်းသိရသည်။


ဆုမွန်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)