တပ်ကုန်းမြို့၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အာဟာရအစာအုပ်စုများနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အာဟာရအစာအုပ်စုများနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ပြိုင်ပွဲကျင်းပ



MNP ၊  ဩဂုတ်  ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၊ ကျောင်းသား၊ ကျောင်းသူများ အာဟာရအစာအုပ်စုများကို ပိုမိုသိရှိ အောင် ရည်ရွယ်ကျင်းပသည့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အာဟာရအစာအုပ်စု နှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းစာသင်ဆောင်တွင် ကျင်းပသည်။


အဆိုပါပြိုင်ပွဲတွင် တပ်ကုန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကြီးကြပ်-၁ ဦးလှထွန်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြိုင်ပွဲတွင် ကြီးကြပ်-၁ ဦးလှထွန်းနှင့် ကျန်းမာရေးဆရာမများက အမှတ် ပေး ဒိုင်အဖြစ် ဆောင်ရွက်ကြပြီး၊ ဗိုလ်မင်းရောင်အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ရှိ Grade -5 ၊  Grade-  4 ၊ Grade -3 ၊ Grade -2 အတန်းများမှ  ကျောင်းသား၊ ကျောင်းသူများက  အဖွဲ့လိုက်ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။


 ပြိုင်ပွဲတွင် Grade -5 အဖွဲ့က ခန္ဓာကိုယ်ကြီးထွားသောအစာအုပ်စု၊ Grade- 4 အဖွဲ့က အားအင် ဖြစ်စေသောအစာအုပ်စု၊ Grade -3 အဖွဲ့က  ရောဂါကာကွယ်စေသောအစာအုပ်စုနှင့် Grade -2 အဖွဲ့က ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းတို့ကို ရှင်းလင်းပြောကြားယှဉ်ပြိုင်ခဲ့ပြီး၊ ဆုရရှိသည့် အတန်း ကျောင်းသား၊ ကျောင်းသူများကို ဩဂုတ် ၁၈ရက်နေ့တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


တင်စိုးလွင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)