ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ကျေးရွာများအား လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးရန် ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ကျေးရွာများအား လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးရန် ကွင်းဆင်းဆောင်ရွက်




MNP ၊  ဩဂုတ်  ၂၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ကျေးရွာများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန် ထောက်ပံ့ထားသော ပစ္စည်းများလက်ခံရရှိ ခြင်းရှိ/ မရှိနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါသည့်အဖွဲ့သည် ယနေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က ခြေတော်ရာကျေးရွာနှင့် သာစည်ထောင့်ကျေးရွာတို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ ရန်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် ဌာနဆိုင်ရာများလိုက်ပါသည့် အဖွဲ့သည့် ခြေတော်ရာကျေး ရွာနှင့် သာစည်ထောင့်ကျေးရွာ မှ ဒေသခံပြည်သူများကိုစုပေါင်း၍ ခြေတော်ရာကျေးရွာ ဘုန်းတော်ကြီး ကျောင်း တွင်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။


       ဆွေးနွေးပွဲတွင် ရသေ့တောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းပြီးနောက်ပိုင်းတွင် ထိခိုက်ပျက်စီးမှုများ ပြားခဲ့သည့်အတွက် နိုင်ငံတော်၏စီစဉ်ပေးမှုဖြင့် စားရေရိက္ခာ၊ တည်ဆောက်ရေးပစ္စည်းများကို အချိန်မီ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ဖြစ်စဉ်အစ၌ ဒေသခံပြည်သူအားလုံးကို ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ သော်လည်း နောက်ပိုင်းတွင် A,B,C အုပ်စုသုံးခုခွဲ၍ ထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်ခဲ့ပါကြောင်း၊ ထောက်ပံ့ရေးပစ္စည်းများကို စနစ်တကျခွဲဝေသုံးစွဲကြစေလိုကြောင်း၊ တည်ဆောက်ရေးပစ္စည်းများအနေဖြင့် ရသေ့တောင်မြို့နယ်အတွက် သွပ်အချပ်ရေ ခြောက်သောင်းကျော်၊ သစ်တန်တစ်ရာခန့် ရရှိခဲ့ပြီး သာသနိက အဆောက်အဦများ၊ ပညာရေးကျောင်းများ၊ အခြားရေးကြီးသည့် တည်ဆောက်ရေးများကို ဦးစားပေး ဆောင်ရွက်ခဲ့ပါကြောင်း ဆွေးနွေးခဲ့သည်။


ဆက်လက်၍ ရသေ့တောင်မြို့နယ်သည် စိုက်ပျိုးရေးကို အခြေခံသောဒေသဖြစ်၍ မိုခါမုန်တိုင်းပြီး နောက် တစ်ဧကလျင် တင်းတစ်ရာကျော်ထွက်သည့် မျိုးစပါးများကို နိုင်ငံတော်ကထောက်ပံ့ခဲ့ရာတွင်လည်း မြို့နယ်အတွက် စပါးတင်း ငါးသောင်းကျော် ရရှိခဲ့ပါကြောင်း၊ ၎င်း မျိုးစပါးများကို စနစ်တစ်ကျစိုက်ပျိုးကာ အသုံးပြုကြစေလိုကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က အမှာစကားပြောကြား စဉ်ထည့်သွင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ရသေ့တောင်မြို့နယ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများက မိုခါမုန်တိုင်းပြီးနောက်ပိုင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးကြရာ ဒေသခံပြည်သူများကကျေး ရွာအလိုက် အခက်အခဲ၊ လိုအပ်ချက်များကို တင်ပြကြသည်။


ထို့နောက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က ဒေသခံပြည်သူများ၏ တင်ပြ ချက်များ နှင့် ပတ်သက်၍ ဆောင်ရွက်ပေးနို်ငမှုအခြေအနေများကို အသေးစိတ် ဆွေးနွေးတင်ပြကာထောက် ပံ့ရေးပစ္စည်းများကို ကျေးရွာတာဝန်ရှိသူများအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)