ဇူလိုင်လ ဒုတိယပတ်မှ လကုန်အထိ တရားမဝင် လုပ်ငန်းသုံးပစ္စည်းများ၊ ဆန်နှင့် ဆန်ကွဲအိတ်များ၊ ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ သိန်းပေါင်း ၈၄၀၀ ကျော်ဖိုး ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇူလိုင်လ ဒုတိယပတ်မှ လကုန်အထိ တရားမဝင် လုပ်ငန်းသုံးပစ္စည်းများ၊ ဆန်နှင့် ဆန်ကွဲအိတ်များ၊ ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ သိန်းပေါင်း ၈၄၀၀ ကျော်ဖိုး ဖမ်းဆီးရမိ


MNP ၊ သြဂုတ်  ၃

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၁၂ ရက်တွင် သီလဝါအထူးစီးပွားရေးဇုန်၌ ကုန်သေတ္တာ ၁၁ လုံးအတွင်းမှ  ကုမ္ပဏီတာဝန်ရှိသူက ၎င်းတို့ကုမ္ပဏီမှ ပစ္စည်းများမဟုတ်ကြောင်း ထွက်ဆိုလာသည့် ကုန်ပစ္စည်း များဖြစ်သည့် Pre-Painted Galvanized Iron Sheet in Coil ၃၀၄၆၉၈ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၉၈၉၉၃၅၀)ကိုလည်းကောင်း၊ ဇူလိုင် ၃၁ ရက်တွင် မြန်မာစက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့်   Sport Light/Down Light အခု ၈၀၊ Electric Led Bulb အခု ၁၀၆၀၀ အပါအဝင် ကုန်ပစ္စည်း ၃၄ မျိုးနှင့် သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Electrical Tap အခု ၃၆၀၀၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၆၅၂၆၃၀၀)ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ ဝန်စည်များအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့် Pneumatic Spring သုံးခု၊ Air Flaps Upper တစ်ခု၊ Radio Remote Control M Sport တစ်ခုနှင့် Brand New Car Spare Parts Repair Kit တစ်ခုအပါအဝင် ကုန်ပစ္စည်း ၁၀ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၆၂၃၁၄)ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၀၂၈၇၉၆၄ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ထို့ပြင် ဇူလိုင် ၃၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေး -မူဆယ်ကားလမ်း မိုင်တိုင်အမှတ် (၂၆)မိုင် (၄)ဖာလုံ၌ မူဆယ်မြို့မှ မန္တလေးမြို့သို့    မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည် ထက် ပိုမိုပါရှိလာသည့် Spoked & Nipple Bicycle Spare Parts ကီလိုဂရမ် ၄၃၅၀ အပါအဝင်   ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၆၀၅၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Foton Auman Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၁၀၀၀၀၀၀) ကိုလည်းကောင်း၊ မန္တလေး - မူဆယ်ကားလမ်း မိုင်တိုင်အမှတ်(၂၇)မိုင် တစ်ဖာလုံ၌  မူဆယ်မြို့မှနေပြည်တော်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထွက် သစ်တော်သီး ၆၀ ကီလိုဂရမ်၊ USB Charger အခု ၁၃၄၀၊ Fancy Accessories Rock  ၁၂၅ ကီလိုဂရမ်၊ Heffey Clouds Cleansing Bubble ၁၉၄ ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်းကိုးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၈၅၀၀၁၀၅)၊ အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်   ၁၃၉၁၀၅၁၀၅ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။


ထို့အတူ ဇူလိုင် ၃၀ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် တာန်ကျပူးပေါင်းအဖွဲ့က လားရှိုးမြို့ မြို့ရှောင်လမ်းတိုးဂိတ် Check Point အနီး၌   စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေးမြို့မှ မူဆယ်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်သုံးစီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်  ဆန်အိတ် ၃၅၀၊ ဆန်ကွဲ အိတ် ၆၉၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၆၀၀၀၀၀)၊ အဆိုပါ ဆန်နှင့်ဆန်ကွဲ အိတ်များ တင်ဆောင်လာသည့် Nissan Diesel တစ်စီး၊ Mitsubishi Fuso တစ်စီး နှင့် Isuzu Giga တစ်စီး (ခန့်မှန်း တန်ဖိုး ငွေကျပ် ၈၄၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၂၆၀၀၀၀၀   ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


သို့ဖြစ်ပါ၍ ဇူလိုင် ၁၂ ရက်၊ ၃၀ ရက် နှင့် ၃၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၃ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၁၉၉၃၀၆၉)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး   ဦးဆောင်ကော်မတီမှ သိရသည်။   


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)