ဒေးဒရဲမြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်စွာ ရောင်းချနိုင်ရေး ငါးလုပ်ငန်းဦးစီးဌာနက ရေချိုပုစွန်များ စျေးနှုန်းသက်သာစွာရောင်းချ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဒေးဒရဲမြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်စွာ ရောင်းချနိုင်ရေး ငါးလုပ်ငန်းဦးစီးဌာနက ရေချိုပုစွန်များ စျေးနှုန်းသက်သာစွာရောင်းချ

7


MNP ၊  ဩဂုတ်  ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနနှင့် ရေလုပ်ငန်းရှင်များ ပူးပေါင်း၍ ပြည်သူများ ငါး၊ ပုစွန်များ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရေချိုပုစွန်ဘော့ချိတ်နှင့် ပုစွန်အကျော့များကို ပြင်ပပေါက်စျေးထက် သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့ နံနက် (၇) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ရောင်းချပေးခြင်းကို မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသိန်းဟန်နှင့် ဝန်ထမ်းများက ပြည်သူများအား ရေချိုပုစွန်ဘော့ချိတ်နှင့် ပုစွန် အကျော့ အချိန် (၄၀)ပိဿာအား  တစ်ပိဿာလျှင် (၈၀၀၀) ကျပ်နှုန်းဖြင့် ပြည်သူများအား ပြင်ပပေါက်စျေးထက် သက်သာသောနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


ဒေးဒရဲမြို့နယ်တွင် ပြည်သူများအား ကုန်စျေးနှုန်းတည်ငြိမ်စွာ ရောင်းချနိုင်ရေးအတွက် ​ဌာနဆိုင်ရာများက ကြက်သား၊ ဝက်သား၊ ငါး၊ ပုစွန်၊ ကြက်ဥ၊ ဘဲဥနှင့် စားသုံးဆီများကို အပတ်စဥ် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


အေဇာလင်း

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages