အစိုးရနည်းပညာအထက်တန်း(ဗန်းမော်)၌ မိုးရာသီအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ခြင်းအခမ်းအနား ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစိုးရနည်းပညာအထက်တန်း(ဗန်းမော်)၌ မိုးရာသီအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ခြင်းအခမ်းအနား ပြုလုပ်




MNP ၊ သြဂုတ် ၂၉

ကချင်ပြည်နယ် ၊ ဗန်းမော်မြို့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊နည်းပညာသက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊အစိုးရနည်းပညာအထက်တန်း၏ မိုးရာသီအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားအား သြဂုတ် ၂၉ ရက် ညနေ ၃ နာရီက အဆိုပါကျောင်းဝင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

       

ရှေးဦးစွာ ကျောင်းသားကျောင်းသူများက အကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်မြင့်နိုင်၊ နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဇော်ဝင်းအောင် ၊ အစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးကြည်ဇော်ထွန်း၊ မြို့နယ်အားကစားမှူးဦးသက်ပိုင်ထွန်း ၊ အစိုးရနည်းပညာအထက်တန်းကျောင်းမှ တွဲဖက်ပါမောက္ခ ဒေါ်ယဉ်ယဉ်အေး၊ ကျောင်းအားကစားကော်မတီဝင်များဖြစ်သည့် ဒေါ်မြတ်မြတ်ဇော် နှင့် ဒေါ်သက်သက်အောင် တို့က ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အက်ဆေးပြိုင်ပွဲတို့တွင် ပထမဆု ဒုတိယဆု တတိယဆုနှင့် ပြိုင်ပွဲအကောင်းဆုံးဆု ရရှိသူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)