ရှမ်းရွာသစ်မြို့တွင် မိုးများအဆက်မပြတ် ရွာသွန်းပြီးတောင်ကျရေများတိုက်စားမှုကြောင့် တံတားချဉ်းကပ်လမ်းနှင့် ကတ္တရာလမ်းပြိုကျမှုဖြစ်ပွား - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရှမ်းရွာသစ်မြို့တွင် မိုးများအဆက်မပြတ် ရွာသွန်းပြီးတောင်ကျရေများတိုက်စားမှုကြောင့် တံတားချဉ်းကပ်လမ်းနှင့် ကတ္တရာလမ်းပြိုကျမှုဖြစ်ပွား

 

090

MNP ၊ သြဂုတ် ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး  မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိရာ ယနေ့မွန်းလွဲ(၂)နာရီတွင် မိုးများအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများတိုက်စားမှုကြောင့် ပေ(၅၀)ခန့်ရှိ တံတားချဉ်းကပ်လမ်းနှင့် ကတ္တရာလမ်းပြိုကျမှုဖြစ်ပွားခဲ့ကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ရှမ်းရွာသစ်မြို့တွင် ယခုရက်ပိုင်းအတွင်း မိုးများအဆက်မပြတ်ရွာသွန်းလျက်ရှိပြီး တောင်ကျရေများ စီးဆင်းသောကြောင့် ရှမ်းရွာသစ်မြို့မှ (၂)မိုင်ခန့် ရှမ်းရွာသစ်-လေးဝါးလမ်းပေါ်ရှိ (၂၀/၇)မိုင်ခန့်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေဖြင့် စတီးစတုန်းကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သော (၅၀)ပေခန့်ရှိ တံတားချဉ်းကပ်လမ်းနှင့် ကတ္တရာလမ်း အကျယ်(၂၀)ပေခန့်ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်ဖြစ်ပွားမှုကြောင့် ရှမ်းရွာသစ်-လေးဝါးလမ်းယာယီပြတ်တောက်မှုဖြစ်ပေါ်လျက်ရှိပြီး လူများ၊ တိရစ္ဆာန်များလည်း ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က ကွင်းဆင်းပြီး လိုအပ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ပေါင်းစပ်ကူညီပေးလျက်ရှိကြောင်းသိရသည်။

ရှမ်းရွာသစ်မြို့တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက လုပ်ငန်းများအဆင်ပြေစွာဆောင် ရွက်နိုင်ရေးအတွက် ဆပ်ကော်မတီများဖွဲ့စည်းထားပြီး သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ထူးခြားဖြစ်စဉ်များ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်နိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူးမှ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဇင်လေး

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages