မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးလျက်ရှိ


MNP ၊  ဩဂုတ်   ၁၆

မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၂ ရပ်ကွက်၊ ၁၀၇ လမ်းနှင့် ၇၃ လမ်းထောင့်ရှိ MIIT ကျောင်းရှေ့တွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် မန္တလေးတိုင်းဒေသကြီး ဆီကုန်သည် များနှင့် ဆီလုပ်ငန်းရှင်များ တို့ပူးပေါင်း၍ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာသော နှုန်းထားများဖြင့် ယမန်နေ့နံနက် ၆ နာရီခွဲမှစတင်၍ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။


ပြည်သူများအတွက် သက်သာသောနှုန်းထားဖြင့် ရောင်းချပေးရာတွင် ဧည့်မထဆန် တစ်ပြည် ၂၅၀၀ ကျပ်၊ စားအုန်းဆီတစ်ပိဿာ ၅၂၀၀ ကျပ်၊ ကြက်ဥ တစ်လုံး ၂၄၀ ကျပ် ၊ ဘဲဥတစ်လုံးလျင် ၃၁၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၁၄၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၁၄၀၀၀ ကျပ် ၊ ငါးမုတ် တစ်ပိဿာ ၄၂၀၀ ကျပ်၊ ငါးအုံတုံ တစ်ပိဿာ ၇၀၀၀ ကျပ်၊ ငါးတန် တစ်ပိဿာ ၄၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၆၀၀၀ ကျပ် ၊ ငါးကြင်းဖြူ (မန္တလေး) တစ်ပိဿာ ၉၀၀၀ ကျပ် ၊  ခရမ်းချဉ်သီး တစ်ပိဿာ ၂၀၀၀ ကျပ်၊ ပန်းဂေါ်ဖီ တစ်ထုပ်  ၆၀၀ ကျပ်တို့ဖြင့် အထူးသက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခဲ့ရာ ပြည်သူများ ၀ယ်ယူအားပေးခဲ့ကြကြောင်း သိရှိရသည်။


ကျော်စွာ 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)