MNP ၊ ဩဂုတ် ၁၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပစေရေး အတွက် ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများစုပေါင်း၍ စေတီယျတောင် တောင်စောင်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေး ပြုလုပ် ဆောင်ရွက်ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်လျက်ရာ၌ ဌာနဆိုင်ရာများမှ စေတီရပ်ကွက်ရှိ ကျောက်ဖြူ- မအီကားလမ်းဘေး စေတီယျတောင်၊ တောင်စောင်းတစ်လျှောက် ပေါက်ရောက်နေသည့် ခြုံနွယ်၊ ပေါင်းပင်၊ မြက်ပင်များအား ကျောက်ဖြူတပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ကြသည်။
ယင်းသို့ စုပေါင်းသန့်ရှင်းရေးများပြုလုပ်ရာသို့ ကျောက်ဖြူတပ်နယ်မှ ဗျူဟာမှူး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဠနှင့် အဖွဲ့ဝင်များ၊တာဝန်ရှိသူများမှ ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment