ပေါက်ခေါင်းမြို့၌ ကျောင်းတွင်းကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့၌ ကျောင်းတွင်းကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲကျင်းပ

 



MNP ၊  ဩဂုတ်  ၁၁

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့၌ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် ကျောင်းတွင်းကြက်ခြေနီ ရှေးဦးပြုစုခြင်းသင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အ.ထ.က.(ပေါက်ခေါင်း) ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


သင်တန်းဆင်းပွဲတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က ကျောင်းသား၊ကျောင်းသူများအနေဖြင့် ရှေးဦးပြုစုနည်း သင်ခန်းစာများကို သင်ကြားပြသပေးခြင်းဖြင့် လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချ၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ဦးစွာအမှာစကားပြောကြားပြီး ပေါက်ခေါင်းမြို့နယ် ကြက်ခြေနီအသင်း ဥက္ကဋ္ဌဦးမြင့်ရွှေက  သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ယင်း‌နောက်သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသား(၃)ဦးကို တာဝန်ရှိသူများက ဆုများနှင့်သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။


အဆိုပါသင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာများ၊ ရှေးဦးပြုစုခြင်းအခြေခံသဘောတရား၊ အရိုးကျိုးခြင်း အဆစ်လွဲခြင်း ကြွက်သားနှင့် ရိုးဆက်ကြောဒဏ်ရာ၊ လူနာကိုင်တွယ်ခြင်းနှင့် သယ်ဆောင်နည်းများ၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း သင်ခန်းစာများကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ပြည်ခရိုင်တပ်ဖွဲ့မှူးဦးဝင်ကြိုင်၊‌ ပေါက်ခေါင်းမြို့နယ် တပ်ဖွဲ့မှူးဒေါ်ဝင်းရီ၊ နည်းပြဦးမင်းမင်းထက်နှင့် ဦးဇင်ကိုထွေးတို့က စာတွေ့/လက်တွေ့သင်ခန်းစာများကို ဩဂုတ် ၇ ရက်မှ ၉ ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသို့ အ.ထ.က(ပေါက်ခေါင်း)မှ သင်တန်းသား၊ သင်တန်းသူ ၅၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


သန်းထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)