ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မေယုမြစ်ဖျား သဘာ၀ရေပြင်အတွင်း ရေချိုငါးသားပေါက်အကောင်ရေ သုံးသိန်းစိုက်ထည့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မေယုမြစ်ဖျား သဘာ၀ရေပြင်အတွင်း ရေချိုငါးသားပေါက်အကောင်ရေ သုံးသိန်းစိုက်ထည့်






MNP ၊  ဩဂုတ်  ၂၉

ရခိုင်ပြည်နယ် ၊မောင်တောခရိုင် ၊ဘူးသီးတောင်မြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ဒေသအတွင်း ငါးသယံ ဇာတ များ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းရေး ၊ ‌ ငါးသယံဇာတများ မပြုန်းတီးစေရေး နှင့်ဒေသအတွင်း ဖူလုံစွာ စားသောက် နိုင်ရေးအတွက် မေယုမြစ်ဖျား သဘာ၀ရေပြင်အတွင်း ရေချိုငါးသားပေါက်များစိုက်ထည့်ခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန် စက်လှေဆိပ်ကမ်းအနီး တွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးနေဦး နှင့် အဖွဲ့၀င်များ ၊ နယ်မြေခံ အခြေချ စစ်ဗျူးဟာမှူး ဗိုလ်မှူးကြီး တင်မိုးအောင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးဇော်၀င်းနှင် အဖွဲ့၀င်များ ၊ ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များ နှင် တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးဆန်း၀င်းက ရေချိုငါးသားပေါက်မျိုး စိုက်ထည့်ရခြင်း နှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည် ။ ထို့နောက် သဘာ၀ရေပြင်တွင် ရေချိုငါးသားပေါက်များ စိုက်ထည့်နိုင်ရေးအတွက် မြို့နယ် ငါးလုပ်ငန်းဦးစီးမှူးက ‌ရေချိုငါးသားပေါက်များကို ပေး အပ်ခဲ့ရာ တာ၀န်ရှိသူများက လက်ခံရယူကြသည်။


ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးနေဦး နှင့် အဖွဲ့၀င်များ ၊ နယ်မြေခံ အခြေချ စစ်ဗျူးဟာမှူး ဗိုလ်မှူးကြီး တင်မိုးအောင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးဇော်၀င်းနှင် အဖွဲ့၀င်များ ၊ ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များက မေယုမြစ်ဖျား သဘာ၀ရေပြင်ထဲသို့ နှစ်လက်မအရွယ်အစားပြည့်မှီသောရေချိုငါးသားပေါက်  ငါးမြစ်ချင်း ၊ ထိုင်းငါးခုံမကြီး ၊ ရွှေဝါငါးကြင်းများအား စိုက်ထည့်ခဲ့ကြသည်။


အဆိုပါ ရေချိုငါးသားပေါက် လွတ်ပွဲတွင် မြို့နယ် ရေချိုငါးသားပေါက်စခန်းမှ နှစ်လက်မအရွယ်အစားပြည့်မှီသော ငါးသားပေါက် ငါးမြစ်ချင်းအကောင်ရေ တစ်သိန်း  ၊ ထိုင်းငါးခုံမကြီးအကောင်ရေ တစ်သိန်း နှင့် ရွှေဝါငါးကြင်း တစ်သိန်း စုစုပေါင်း ငါးသားပေါက်အကောင်ရေ သုံးသိန်းအား မေယုမြစ်ဖျား သဘာ၀ရေပြင်တွင် စိုက်ထည့်ပေးခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆန်း၀င်းထံ မှ သိရသည်။


သက်လွင်စိုး


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)