မက်မန်းမြို့နယ်တွင် စာဖတ်ဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မက်မန်းမြို့နယ်တွင် စာဖတ်ဝိုင်း ကျင်းပ


MNP ၊  ဩဂုတ်  ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် လူနေမှုဘဝတိုးတက်စေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ စာရေးဆရာမ ခင်စောတင့်၏ "ခက်ခဲကျပ်တည်းသောအချိန်မှာ စိတ်ချမ်းမြေ့စရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၈ နာရီအချိန်က ကျင်းပခဲ့ သည်။


အဆိုပါ စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က စာဖတ်ဝိုင်းကျင်းပခြင်းဖြင့် စာပေချစ်မြတ်နိုးသူအချင်းချင်းအသိ ပညာဗဟုသုတများ ဖလှယ်ခွင့်ရရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် စာပေချစ်မြတ်နိုးသူများအဖွဲ့ဝင် မအီခမ်းက စာရေးဆရာမ ခင်စောတင့်၏ “ခက်ခဲ ကျပ်တည်းသောအချိန်မှာ စိတ်ချမ်းမြေ့စရာ” စာအုပ်မှ “အသိအမှတ်ပြုခြင်း” ဆောင်းပါးအားလည်း ကောင်း၊ မအမ်းအွေးက “အကျပ်အတည်းများကို အောင်နိုင်ခြင်း” ဆောင်းပါးအားလည်းကောင်း၊ မနိုင်နိုင်မင်းက “အတွေးများ” ဆောင်းပါးအားလည်းကောင်း၊ မသီရိထက်စံက “ မိမိကိုယ်ကို ကျေနပ် နှစ်သက်ခြင်း” ဆောင်းပါးအားလည်းကောင်း၊ မနာခူက “ဆက်ဆံရေးများ” ဆောင်ပါးအားလည်း ကောင်း၊ မဆွေဆွေဝင်းက “ ချမ်းသာကြွယ်ဝခြင်း “ဆောင်းပါးအားလည်းကောင်း အသီးသီး ဝိုင်းဝန်း ဆွေးနွေးခဲ့သည်။ အဆိုပါစာဖတ်ဝိုင်းတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အဖွဲ့ဝင် (၂၅)ဦးပါဝင် တက်ရောက်ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။


စောဥမ္မာ 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)