စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးရေး ကွင်းသရုပ်ပြပွဲတက်ရောက်ခြင်းနှင့် ခန္တှီးမြို့တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှု နှင့် ဆင်‌သေ-လဟယ်ကားလမ်းတွင် တောင်ပြိုမှုများအား သွားရောက်ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးရေး ကွင်းသရုပ်ပြပွဲတက်ရောက်ခြင်းနှင့် ခန္တှီးမြို့တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှု နှင့် ဆင်‌သေ-လဟယ်ကားလမ်းတွင် တောင်ပြိုမှုများအား သွားရောက်ကြည့်ရှု




MNP ၊  ဩဂုတ်  ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန် ရှိသူများ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ခန္တီးမြို့နယ်၊ အောင်သာ ရပ်ကွက်၊ ကွင်းအမှတ် ၄ တွင် ကျင်းပပြုလုပ်သော ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ အချိုးကျ ရောနှောကြဲပတ် ခြင်း ကွင်းသရုပ်ပြပွဲနှင့် မျိုးစေ့၊ စိုက်ပျိုးရေးသွင်းအားစုများနှင့် ပိုးသတ်ဆေးများ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က  တောင်သူများအနေဖြင့် အထွက်တိုး မျိုးကောင်း၊ မျိုးသန့်များအား ရွေးချယ်စိုက်ပျိုး၍ ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများကို စနစ်တကျရောစပ်အသုံးပြုပြီး စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများအား လိုက်နာကျင့်သုံး ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းကျော်လွန် ရရှိလာမည်ဖြစ်ပါ ကြောင်း၊ စိုက်ပျိုးရေအား စနစ်တကျသုံးစွဲပြီး ရာသီအလိုက်စိုက် ပျိုးသီးနှံများကို သက်မှတ် အချိန်အတွင်းအပြီးစိုက်ပျိုး၍ သီးနှံများကိုအကြားအလပ်မရှိ စိုက်ပျိုးကာ စိုက်ပျိုးစွမ်းအားမြှင့် တင်ရေး ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ပြီး ထိုသို့စိုက်ပျိုးခြင်းဖြင့် တောင်သူများအနေဖြင့် ဝင်ငွေတိုးတက်ရရှိစေမည်ဖြစ်၍ လိုအပ် သည်များကိုလည်း မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှ်ပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်ပြီး တိုင်းဒေသကြီး/ခရိုင် စိုက်ပျိုးရေးဦးစီးမှူးများနှင့် တာဝန်ရှိသူများက ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာအချိုးကျ ရောနှော ကြဲပတ်ခြင်း ကွင်းသရုပ်ပြပွဲနှင့် မျိုးစေ့၊ စိုက်ပျိုးရေး သွင်းအားစုများနှင့် ပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန္တီးမြို့နယ်၊ အောင်သာ ရပ်ကွက်၊ ကွင်းအမှတ် ၄ အတွင်းရှိ ဒေသခံစိုက်ပျိုးရေး တောင်သူများထံ မျိုးစေ့၊ စိုက်ပျိုးရေး သွင်းအားစုများနှင့် ပိုးသတ်ဆေးများအား အသီးသီးထောက်ပံ့ပေးအပ်ကာ သဘာဝမြေဩဇာနှင့် ဓါတ်မြေ ဩဇာများ အချိုးကျရောစပ်ခါ စုပေါင်းကြဲပက်နေမှု၊ ကြားပေါင်းလိုက်ကိရိယာဖြင့် စိုက် ခင်းအတွင်း ဆောင်ရွက်နေမှုများနှင့် တိုက်ရိုက်မျိုးစေ့ချ ကိရိယာများအား ကြည့်ရှုအားပေးခဲ့ကြပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် မြသိန်းတန်စေတီတော်ကြီး အနီးရှိ အကျယ် - ၁၂ ပေရှိ ၂ နေရာ မြေထိန်း နံရံပြိုကျပျက်စီးမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးကာ ခန္တှီးမြို့အား မြစ်ရေဝင်ရောက် မှုမရှိစေ ရေးနှင့် ပြန်လည်ပြုပြင်ထိန်းသိမ်းမည့် လုပ်ငန်းများအား အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေး တို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မိုးရေသည်းထန်စွာ ရွာသွန်းမှု ကြောင့် ခန္တီးမြို့၊ မြို့ပတ်လမ်း၊ ဓာတ်ပေါင်းစေတီ အနီးနှင့် ခရိုင်ပညာရေးမှူးရုံး အနီးရှိ မြေထိန်း နံရံများ ပြိုကျပျက်စီးမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြန်လည်တည်ဆောက်သွားမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် တိုင်;ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တှီး-ဆင်သေ-လဟယ် လမ်းပိုင်း မိုင်တိုင်အမှတ် ၈/၀ မှ ၈/၅ အတွင်း အကျယ် - ၁၈ ပေ၊ ထု ၉ လက်မထု၊ ကွန်ကရစ်လမ်းခင်းကျင်းနေမှုနှင့် ၂၈ မိုင် ၅ ဖာလုံကြား မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပြို၍ ဒေသခံ တိုင်းရင်းသားများ သွားလာမှုအဆင်ပြေစေရန်အတွက် ကားလမ်းရှင်းလင်းနေမှုများအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် စံချိန်စံညွှန်းမီအရည်အသွေးကောင်းမွန်စွာ ဆောင်ရွက်ပြီးစီးရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။        


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)