MNP ၊ သြဂုတ် ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းကြောင်း ထုတ်ပြန်ရာတွင် ဝန်ကြီးဌာနတချို့ တာဝန်အပြောင်းအလဲ ရှိသော်လည်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ဦးမောင်မောင်အုန်း ဆက်လက်တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပထမ တစ်နှစ်သက်တမ်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကို တာဝန်ယူခဲ့ရပြီး ပြန်ကြားရေးဝန်ကြီးဌာနကို ပြောင်းလဲတာဝန်ယူဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ဖူးပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။
#MyanmarNationalPost
No comments:
Post a Comment