နမ့်ခမ်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျသည့်နေရာများတွင် ပြင်ဆင်ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေး၊ ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ခမ်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျသည့်နေရာများတွင် ပြင်ဆင်ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေး၊ ထောက်ပံ့ငွေများပေးအပ်





MNP ၊  ဩဂုတ်  ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  မြေပြိုကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သော နမ့်ခမ်း-နမ့်ဖတ်ကာလမ်းအား မူဆယ်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများသည် ဩဂုတ်လ ၁၀ ရက်နေ့၊ မွန်းလွဲ ၁၂နာရီ ခွဲအချိန်က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


မူဆယ်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်လမ်းဦးစီးဌာနမှ အင်ဂျင်နီယာမှူး၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာမှူး၊ ခရိုင်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှူးနှင့် နမ့်ခမ်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ သည် မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် တောင်ပေါ်ဒေသရှိ ကျေးရွာအချို့နှင့် မော်တော်ကား လမ်းများတွင် မြေပြိုကျခြင်းများ ဖြစ်ပွားခဲ့ရာ မြေပြိုကျသဖြင့် လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည့် နမ့်ခမ်း - နမ့်ဖတ်ကာ လမ်းပိုင်းအား  ရှင်းလင်းဆောင်ရွက်ပြီးစီး၍ မော်တော်ယာဉ်များ တစ်လမ်းမောင်း သွားလာနိုင်မှု အခြေအနေ၊ မြေပြိုသဖြင့် လဲကျနေသော လျှပ်စစ်ဓာတ်တိုင် (၇) တိုင်အား ပြန်လည် ပြုပြင် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် နေအိမ်ပြိုကျသည့်ပျက်စီးနေမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးအားပေးခဲ့ကြကြောင်းသိရသည်။


မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျ၍ နေအိမ်ပျက်စီးခဲ့သည့် နေအိမ် (၁၀) လုံးမှ မိသားစု ဝင်များအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၃)သိန်းနှုန်းဖြင့် ကျပ် (၃၀) သိန်း၊ လူသေဆုံးမှု ဖြစ်ပွားခဲ့သည့် မိသားစု(၂)စုတို့အား တစ်မိသားစုလျှင် ငွေကျပ်(၅)သိန်းနှုန်းဖြင့် ကျပ် (၁၀)သိန်း၊ အုတ်တံတိုင်းခြံစည်းရိုးပြိုကျပျက်စီးခဲ့သည့် ဘုန်းတော်ကြီး ကျောင်း (၂) ကျောင်းအတွက် တစ် ကျောင်းလျှင် (၅)သိန်းနှုန်းဖြင့် ကျပ်(၁၀) သိန်းနှင့် မန်အောင်ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှုများ ပြုပြင်ရန်အတွက် ငွေကျပ် (၂၀) သိန်း   စုစုပေါင်းငွေကျပ် သိန်း(၇၀)အား ကူညီထောက်ပံ့ ပေးအပ် ခဲ့ကြောင်းသိရသည်။


ထို့နောက် မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် နမ့်ခမ်း-နမ့်ဖတ်ကာ ကားလမ်းပေါ်ရှိ မြေထပ်မံပြိုကျနိုင်သည့် မန်အောင်ကျေးရွာနှင့် ဖာလင်ကျေးရွာ အကြားနေရာအား လမ်းဦးစီးဌာနနှင့် ပေါင်းစပ်၍ စိစစ်ဆောင်ရွက်ခဲ့ကြပြီး  နမ့်ခမ်း-မိုင်းဝီးလမ်းပေါ်ရှိ တံတားကျိုးပြတ်နေမှုနှင့် ပတ်သက်၍ ဘေလီတံတား အမြန်ပြန်လည် တည်ဆောက်နိုင်ရန် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)