လားရှိုးမြို့တွင် ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား(အခြေခံ)သင်တန်းဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့တွင် ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား(အခြေခံ)သင်တန်းဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်





MNP ၊  ဩဂုတ်  ၂၉

လားရှိုးမြို့တွင်ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား(အခြေခံ)သင်တန်း ဖွင့်ပွဲကို ယနေ့နံနက် (၈)နာရီအချိန်က လားရှိုးတက္ကသိုလ်၊ ကမ္ဘောဇခန်းမတွင် ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး တက်ရောက်ခဲ့သည်။


အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ပြည်နယ်ဝန်ကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ လားရှိုးမြို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၏ မြို့တော်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် နီးစပ်သည့် မြို့တစ်မြို့ဖြစ်သည်နှင့်အညီ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ၊ လာရောက်ရင်းနှီးမြုပ်နှံသူ ခရီးသွားဧည့်သည် အထူးများပြားသည့် မြို့တစ်မြို့ဖြစ်ကြောင်း၊ လားရှိုးမြို့နှင့်နီးစပ်သည့် သီပေါ၊ နောင်ချိုမြို့များသည်လည်း နိုင်ငံခြားသားများ အထူးနှစ်သက်သဘောကျသည့် ခရီးစဉ်ဒေသမြို့များ ဖြစ်ကြောင်း၊ ရုရှားခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ပါက ကောင်းမွန်သည့် ခရီးသွားဝန်ဆောင်မှုများပေးနိုင်ရေးအတွက် ရုရှားဘာသာစကား အခြေခံ မွမ်းမံသင်တန်းများကို ဖွင့်လှစ်ပေးရန် လမ်းညွှန်ထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းသည် ရှမ်းပြည်နယ်တွင် ဖွင့်လှစ်သည့် ရုရှားဘာသာစကားသင်တန်းများအနက် ပဥ္စမအကြိမ်မြောက် ဖွင့်လှစ်သည့်သင်တန်းဖြစ်ပြီး လားရှိုးမြို့တွင် ပထမဆုံးအကြိမ် ဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ထောက်ပံ့ငွေများပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။


လားရှိုးမြို့တွင် ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား(အခြေခံ) သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၅၈)ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် လေးပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။


စိုင်းထွန်း

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)