ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လှိုင်းဘွဲမြို့နှင့်ဘားအံမြို့ပေါ်ရှိ ရေဘေးကယ်ဆယ်ရေး စခန်းများမှ ရေဘေးသင့်ပြည်သူများကို တွေ့ဆုံအားပေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လှိုင်းဘွဲမြို့နှင့်ဘားအံမြို့ပေါ်ရှိ ရေဘေးကယ်ဆယ်ရေး စခန်းများမှ ရေဘေးသင့်ပြည်သူများကို တွေ့ဆုံအားပေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ်


MNP ၊ ဩဂုတ် ၁၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က လှိုင်းဘွဲမြို့နှင့် ဘားအံမြို့ပေါ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများကို တွေ့ဆုံအားပေးစကားပြောကြားပြီး ဆန်ရိက္ခာဖိုးငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့် လှိုင်းဘွဲမြို့ပေါ် (ဃ) ရပ်ကွက် အနိမ့်ပိုင်း နေရာများတွင် လူနေအိမ်များအတွင်း ရေများဝင်ရောက်နေမှု၊ သက်ဆိုင်ရာတာဝန်ရှိသူများက ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားပေးမှုများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ် ကမော့ကချူးကျေးရွာ Cyclone Shelter ရေဘေးကယ်ဆယ်ရေးစခန်းတွင် ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူများအား တွေ့ဆုံ၍ အိမ်ထောင်စု ၆၅ စု၊ လူဦးရေ ၂၃၇ ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၁၉၉၀၈၀၀ နှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှိုင်းဘွဲမြို့အောင်ဆန်းခန်းမ ရေဘေးကယ်ဆယ် ရေးစခန်းတွင် ယာယီပြောင်းရွှေ့နေထိုင်ကြသော ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးပြီး အိမ်ထောင်စု ၃၂ စု၊ လူဦးရေ ၁၃၈ ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၁၁၅၉၂၀၀ နှင့် ငွေကျပ် ၁၇၉၄၀၀ တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့ အမှတ်(၉)ရပ်ကွက် ပြည်နယ်ကမ္မဋ္ဌာန်း ကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းတွင် ယာယီပြောင်းရွှေ့နေထိုင်သော ရေဘေးသင့်အိမ်ထောင်စု ၅၆ စု၊ လူဦးရေ ၂၃၀ ၊ ဘားအံမြို့ အမှတ်(၁)ရပ်ကွက် ခါဒေမွလ်အစ္စလာမ်ပရဟိတစာသင်ကျောင်း ရေဘေး ကယ်ဆယ်ရေးစခန်းတွင် ယာယီပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု ၈၁ စု၊ လူဦးရေ ၃၇၆ ဦး၊ ဘားအံမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြရွှေဝါခန်းမ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်အိမ်ထောင်စု ၇၈ စု၊ လူဦးရေ ၃၆၄ ဦး၊ ဘားအံမြို့ သုမေဓာရာမကြားတောရကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းတွင် ယာယီပြောင်းရွှေ့ နေထိုင်သော ရေဘေးသင့်အိမ်ထောင်စု ၃၂ စု၊ လူဦးရေ ၁၃၇ ဦး၊ ဘားအံမြို့ အမှတ်(၁၁)အခြေခံ ပညာမူလတန်းကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းတွင် ယာယီပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု ၁၆ စု၊ လူဦးရေ ၈၇ ဦးတို့အား တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဆန်ရိက္ခာဖိုးငွေနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ပြည်ထောင်စုဝန်ကြီးသည် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်း ၁၀ ခု တွင် ယာယီပြောင်းရွှေ့နေထိုင်သော ရေဘေးသင့် အိမ်ထောင်စု ၉၉၀၊ လူဦးရေ ၄၇၂၃ ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၃၉၆၇၃၂၀၀ နှင့် ခေါက်ဆွဲခြောက်၊ ကြက်ဥအစရှိသောစားသောက်ကုန်ပစ္စည်းများ၊ ဘားအံမြို့ပေါ်ရှိ ရေဘေးကယ်ဆယ်စခန်းကိုးခုမှ အိမ်ထောင်စု ၇၀၄ စု၊ လူဦးရေ ၃၄၇၀ အတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၃၁၂၃၀၀၀၀ နှင့် ခေါက်ဆွဲခြောက်နှင့်ကြက်ဥများ၊ ကျုံဒိုးမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်း သုံးခုမှ အိမ်ထောင် စု ၁၇၂ စု၊ လူဦးရေ ၇၅၂ ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၆၇၆၈၀၀၀ နှင့် ခေါက်ဆွဲခြောက်နှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်ခဲ့သည်။


Myanmar National Post

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)