မိုင်းတုံမြို့၊ အမကပိန်းမုံစာသင်‌ကျောင်း၌ ကိုဗစ်-၁၉ ရာဂါ ကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းတုံမြို့၊ အမကပိန်းမုံစာသင်‌ကျောင်း၌ ကိုဗစ်-၁၉ ရာဂါ ကာကွယ်ဆေးထိုးနှံပေး



MNP ၊  ဩဂုတ်  ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Booster) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန် မှ ၁၆း၀၀ နာရီအချိန်ထိ အမကပိန်းမုံစာသင်‌ကျောင်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Booster) ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်‌ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးလာရောက်ထိုးနှံသော ကျောင်းသား/သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးမှတ်တမ်းရေးသွင်းခြင်းများပြုလုပ်၍ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့သည်။ အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆေးထိုးအဖွဲ့တွင် တာဝန်ပေးအပ်ခံရသူများက ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။


မိုင်းတုံမြို့နယ် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ဝင်းဝင်းခိုင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)