ကျိန္တလီမြို့ ကြွေချိုင်ကျေးရွာရှိ တံတားအား ကြံ့ခိုင်မှုရှိစေရန် ပြန်လည်ပြုပြင်ခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့ ကြွေချိုင်ကျေးရွာရှိ တံတားအား ကြံ့ခိုင်မှုရှိစေရန် ပြန်လည်ပြုပြင်ခြင်းများဆောင်ရွက်




MNP ၊  ဩဂုတ်  ၁၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ သံတွဲ-ဂွလမ်းပေါ်ရှိ ကြွေချိုင်ကျေးရွာရှိ ကြွေချိုင် တံတား မိုင်တိုင်(၅၁/၅နှင့် ၅၁/၆)ကြား တံတားအမှတ်(၁/၅၂) တံတားအရှည် (၁၀၀)ပေတွင် (ဂျာမန်သံပေါင်)(၆၀)ပေအပိုင်းမှ အပေါ်ထည် Stringer Sway Bracing & Timber Decking ပျက်စီး၍ ကြံ့ခိုင်မှုနည်းနေသောကြောင့် ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၂)၊ တံတားအထူးအဖွဲ့(၈)က ယနေ့နံနက်ပိုင်းမှစ၍ တာဝန်ယူပြင်ဆင်လျက် ရှိပါသည်။


ထိုသို့ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် (၁၀-၈-၂၀၂၃)ရက်နေ့မှစတင်၍ (၁၂-၈-၂၀၂၃)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး  နံနက် ၈:၀၀နာရီမှ ညနေ ၁၈:၀၀နာရီ အတွင်း တံတားအား ခေတ္တအဖွင့်အပိတ်လုပ်၍ ပြုပြင်မည်ဖြစ်ကြောင်းနှင့် ပြုပြင်နေစဉ်အတွင်း လူနာတင်ယာဉ်နှင့် အရေးကြီးကားများ မဖြစ်မနေဖြတ်သန်းရမည်ဆိုပါက ခေတ္တစောင့်ဆိုင်း၍ ဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။


ဇော်လင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)