၂၀၂၃ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများနှင့် ခရိုင်အလိုက် အသက် (၂၅)နှစ်အောက် ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများနှင့် ခရိုင်အလိုက် အသက် (၂၅)နှစ်အောက် ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်





MNP ၊  ဩဂုတ်  ၂၉

၂၀၂၃ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများနှင့် ခရိုင်အလိုက် အသက်(၂၅)နှစ်အောက် ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၃)နာရီအချိန်က လားရှိုးမြို့၊ ပြည်ထောင်စုအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။


အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ပြည်နယ် ဝန်ကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း နှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ဌာနဆိုင်ရာများ၊ အားကစားသမားများ၊ ပရိသတ်များ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်အသီးသီးမှ  ပြိုင်ပွဲဝင်အသင်းများမှ ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်သည်။


ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ခဲ့ကြသည့် အခြေခံပညာကျောင်းများမှ ပန်းပွားအက အဖွဲ့ဝင်များ၊ ဘင်ခရာအဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ခဲ့ကြသည်။


ထို့နောက် ပထမနေ့ပြိုင်ပွဲများအဖြစ် အမျိုးသား၊ အမျိုးသမီး (၄၀၀)မီတာ အပြေးပြိုင်ပွဲ၊ (၁၅၀၀)မီတာ အပြေးပြိုင်ပွဲ၊ အမျိုးသား (၅၀၀၀)မီတာ အပြေးပြိုင်ပွဲ၊ (၁၀၀)မီတာ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲများကို ကျင်းပခဲ့ကြကြောင်း သိရသည်။


စိုင်းထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)