တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မြန်အောင်ခရိုင်အတွင်းရှိ တောင်သူများ၏ စိုက်ပျိုးရေးလိုအပ်ချက်များအား ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မြန်အောင်ခရိုင်အတွင်းရှိ တောင်သူများ၏ စိုက်ပျိုးရေးလိုအပ်ချက်များအား ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး



MNP ၊ ဩဂုတ် ၁၄

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြန်အောင်ခရိုင်အတွင်းရှိ တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းလိုအပ်ချက်များအား ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကြံခင်းမြို့နယ်၊ ဆိပ်သာကျေးရွာရှိ တောင်သူဦးဝင်းတင်၏ မိုးနေကြာဆင်းရွှေကြာ(၂)စိုက်ခင်းနှင့် နှမ်းစိုက်ခင်းစိုက်ပျိုးဖြစ်ထွန်းနေမှုနှင့် ဝတ်မှုန်ကူးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပျားပုံးများဖြင့် ပျားမွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧရာဦးခန်းမ၌ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ တောင်သူများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်သည်နှင့်အညီ စံပြစိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်စေရေးနှင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် တည်ငြိမ်အေးချမ်းရေးမှအစပြု၍ ဘက်ပေါင်းစုံတွင်ကောင်းမွန်သည့် အခြေအနေအား ဆက်လက်ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးတွင် ရေတော်မိုးတော်၊ သဲဆန်ကုန်းချော မိုးစပါးစိုက်ဧကများ ရာနှုန်းပြည့်စိုက်ပျိုးပြီးစီး၍ ထွန်းတုံးပိတ်သိမ်းပွဲများ ဆောင်ရွက်ခဲ့ပြီး ရေကြီးကွင်း၊ ရေနက်ကွင်း စိုက်ဧကများကိုလည်း မိုးရာသီအမီ ရာနှုန်းပြည့် စိုက်ပျိုးသွားမှာဖြစ်ပါကြောင်း၊  အယ်နီညိုဖြစ်ပွားနိုင်မှုကို သုံးသပ်ပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများ အောင်ရေရရှိရန် ရာသီဥတုခန့်မှန်းတွက်ချက်မှုများဖြင့် ဆောင်ရွက်ရန်လိုပါကြောင်း၊ ချောင်းပိတ်၊ မြောင်းပိတ်များကြိုတင်စီမံဆောင်ရွက်ရန်နှင့် ဒုတိယသီးနှံစိုက်ပျိုးနိုင်ရေးအတွက် ကြိုတင်တွက်ချက်ဆောင်ရွက်ထားရန်လည်း လိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆီဖူလုံစေးရေး မြေပဲ၊ နှမ်း၊ နေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်အောင်ခရိုင်အတွင်း မိုးနေကြာဧက (၆)ထောင် လျာထားဆောင်ရွက်လျက်ရှိပြီး ဒေသနှင့်ကိုက်ညီသည့် အထွတ်တိုးနေကြာမျိုးများအသုံးပြု၍ နေကြာ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းစေရေးအတွက်လည်း ကြိုးစားစိုက်ပျိုးရန်လည်းလိုအပ်ပါကြောင်းနှင့် တောင်သူများ၏ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ကြံခင်းမြို့နယ်နှင့် မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက မြို့နယ်အတွင်းရှိ အုပ်ချုပ်ရေး၊ လူမှုရေး၊ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ချက်များအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး စပါးအထွက်နှုန်းတိုးတက်ရေးနှင့် ဆီထွက်သီးနှံနေကြာအထွက်နှုန်း တိုးတက်စေရေးအောင်မြင်အောင် ဆောင်ရွက်ထားရှိမှုအားလည်းကောင်း ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ပြီး သီးထပ်စွမ်းအားများ တိုးမြှင့်စိုက်ပျိုးနိုင်စေရန်၊ စိုက်ပျိုးမြေများ ရာနှုန်းပြည့်စိုက်ပျိုးစေရန် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုး၍ အောင်မြင်အောင်ဆောင်ရွက်ရန်နှင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး ကြိုးစားဆောင်ရွက်ပေးရန်မှာကြားခဲ့ပြီး တောင်သူများထံသို့ ယူရီးဓာတ်မြေဩဇာအားလည်းကောင်း၊ နေကြာမျိုးစေ့အားလည်းကောင်း၊ ကော်ဖီပျိုးပင်များအားလည်းကောင်း၊  ပိုက်ဆံလျှော်မျိုးစေ့များအားလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ တယ်ကုန်းကျေးရွာရှိ ဦးသန်းဇော်ပါ တောင်သူ ၄ ဦး၏ မိုးနေကြာ ရေဆင်း-၁၊  (၃)ဧက စိုက်ခင်းဖြစ်ထွန်းအောင်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ ဆီထွက်နှုန်းကောင်းမွန်သည့် အထွက်တိုးနေကြာမျိုးများ အသုံးပြုစိုက်ပျိုးရန်၊ ထွက်ရှိလာသည့် နေကြာစေ့များအား ဆီကြိတ်ခွဲအသုံးပြုရန်၊ နေကြာစိုက်ပျိုးနိုင်သည့်နေရာများတွင် နေကြာတိုးချဲ့စိုက်ပျိုးကြရန်နှင့် တိုင်းဒေသကြီးအတွင်း ဆီဖူလုံစေရေးအတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပြီး တောင်သူများထံ အထွက်တိုးနေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)