NLD အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှာ ငြိမ်းချမ်းရေးစေတီဆိုတာကို တည်ထားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့အတူ လုပ်ငန်းရှင်တွေလည်း တော်တော်များများ ပါဝင်လှူဒါန်းခဲ့ကြပါတယ်။
ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့အတွက် ဘာသာ သာသနာအတွက် လုပ်တာကို မဝေဖန်လိုပါဘူး။ သို့သော် ဘုရားတည်တာ မှာ ဆောင်သင့် ရှောင်သင့်တဲ့အချက်တွေကို သံဃာတော်တွေ ဂေါပက အဖွဲ့ဝင်တွေက သိကြရမှာ ဖြစ်ပါတယ်။ သိလည်း သိကြပါတယ်။ သိသည့်တိုင်အောင်လည်း မလုပ်သင့်တာကို မလုပ်ဖို့ တားမြစ်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
ဒက္ခိဏသီရိမြို့နယ်ထဲက ငြိမ်းချမ်းရေးစေတီတော် ကို ဦးဆောင်တဲ့ သံဃာတော်တွေကိုယ်တိုင်က ဒေါ်စုလုပ်ချင်ရာလုပ် မသင့်ဘူး၊ မတော်ဘူးလို့ တားမြစ်ရကောင်းမှန်း မသိဘူး။ ဒေါ်စု က ဘုရားထီးတော်တင်ဖို့အထိ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဘုရားထီးတော်တင်ဖို့ ကိစ္စကတော့ အင်မတန်ကို မသင့်တော်တဲ့အတွက်ကြောင့် ဖြောင်းဖျပြောဆိုခဲ့ရတယ်လို့ သိရပါတယ်။ အာဏာရှိသော ပုဂ္ဂိုလ်၊ အတ္တတွေ မာနတွေ ငယ်ထိပ်ရောက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ထီးတော်တင်ခွင့် မရဘူးဆိုတဲ့အချိန်မှာတောင် ဇွဲမလျှော့ပါဘူး။
ဒေါ်စုလုပ်ချင်ရာ မှန်သမျှ အမှား၊ အမှန်ကို ထိန်းကျောင်းပေးခြင်းမျိုး မဟုတ်ဘဲ ငြိမ်းချမ်းရေးစေတီကို ဦးဆောင်တဲ့ ဘုန်းကြီးက လုပ်ချင်ရာ မှန်သမျှ လုပ်ခွင့်ရအောင် စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။ စေတီတော်ကြီး ထီးတင်လို့ မရဘူးဆိုတဲ့အချိန်မှာ ပုံစံငယ် စေတီတစ်ဆူကို ဖန်တီးကို ဒေါ်စုကို ထီးတင်စေခဲ့တာ ဖြစ်ပါတယ်။
ဒီလုပ်ရပ်တွေဟာ ဒီဘုရားမှာ အလုပ် လုပ်ခဲ့သူ တစ်ယောက်က တော်တည့်မှန်ကန်မှုမရှိတဲ့ လုပ်ရပ်တွေကို မြင်တွေ့သမျှ ပြန်လည်ပြောဆိုပြခဲ့ပါတယ်။ အဲဒီ ထီတော်ဆိုတာလည်း ဒေါ်စုထမီနားမှာ တဝဲဝဲ ဖြစ်နေခဲ့ရတာပါ။
တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေဟာ ဗုဒ္ဓဘာသာအတွက် သူတို့က အလုပ် လုပ်နေသယောင် ဟန်ပြလုပ်ရာမှာတောင် ဗုဒ္ဓဘာသာဝင်အများစု လက်ခံနိုင်အောင် မလုပ်ခဲ့ပါဘူး။ NLD အစိုးရလက်ထက် ဒေါ်စုနားကို ကပ်ခွင့်ရတဲ့ ဘုန်းကြီး (၄)ပါး ဆိုတဲ့အထဲမှာ ဘာသာ သာသနာအတွက် ဘယ်သူက စွမ်းစွမ်းတမံ ဆောင်ရွက်သလဲ။ မန္တလေးက ဇာနည်ကို ဆိုတဲ့ ကောင်ကတော့ ဂျော်တကီး၊ လောင်းကစားဒိုင် ဆိုတာကို ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့ပါတယ်။ တခြားသော ပုဂ္ဂိုလ်တွေကို အစိုးရက ဘာမှ စစ်ဆေးအရေးယူတာမျိုး မတွေ့ရပါဘူး။
စာရေးသူအနေနဲ့ တာဝန်ရှိသူများထံ အဓိက တောင်းဆိုချင်တာကတော့ အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမင်ရည်စုပ်ထိုး ဤသုံးမျိုး ချက်မပိုင် နောင်ပြင်ရန်သည့်အမျိုး လို့ အဆိုရှိပါတယ်။ ယခုအခါမှာ ငြိမ်းချမ်းရေးစေတီကို ပြုပြင်တည်ဆောက်ဖို့အတွက်လည်း တာဝန်ရှိသူများက သင့်လျော်သူများကို ခန့်အပ်တာဝန်ပေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
ဘုရားစေတီမှာ စေတီတော်ရဲ့ ဝိသေသလက္ခဏာတွေ ရှိပါတယ်။ ဘာသာရေးကို ခုတုန်းလုပ် မဖွယ်မရာ လုပ်ခဲ့တာတွေကို အမြန်ဆုံး ပြုပြင်ဆောင်ရွက်သင့်ပါတယ်။ ဒီငြိမ်းချမ်းရေး စေတီဟာ ဗုဒ္ဓဘာသာဝင် ပြည်သူတွေကို ကျိန်စာသင့်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့လေသလား။ ဒေါ်စုတင်ခဲ့တဲ့ ထီးတော်က စလို မဖွယ်မရာ လုပ်ထားခဲ့သမျှ ရှင်းလင်းဖယ်ရှားပြီး စေတီတော်ရဲ့ ဝိသေသလက္ခဏာများနဲ့ ပြည့်စုံအောင် ကျိန်စာတိုက်ခဲ့တယ်ဆိုရင်လည်း ဆရာတော်ကြီးများရဲ့ လမ်းညွှန်မှုကို ခံယူပြီး အသင့်တော်ဆုံး ဖြစ်စေရန် အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်သင့်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။
(ငြိမ်းချမ်းရေး စေတီမှာ ဦးဆောင်တဲ့ ဘုန်းကြီးနဲ့ ဒေါ်စု တို့ရဲ့ မဖွယ်မရာ လုပ်ရပ်တွေကို မျက်မြင် တွေ့ရှိသူရဲ့ ပြောပြချက်များကို အခြေခံပြီး တင်ပြခြင်း ဖြစ်ပါတယ်။)
နောင်တော်လေး (ဘိုကလေး)
#MyanmarNationalPost
No comments:
Post a Comment