ဘားအံမြို့၌ သံလွင်မြစ်ရေမြင့်တက်၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အနိမ့်ပိုင်း ရပ်ကွက်အချို့ ရေဝင်ရောက်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့၌ သံလွင်မြစ်ရေမြင့်တက်၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အနိမ့်ပိုင်း ရပ်ကွက်အချို့ ရေဝင်ရောက်မှုဖြစ်ပွား





MNP ၊  ဩဂုတ်  ၃

ကရင်ပြည်နယ်၊ ဘားအံမြို့၌  သံလွင်မြစ်ရေသည် ယနေ့နံနက်ပိုင်းတွင် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၇၈၄ စင်တီမီတာသို့ ကျော်လွန်မြင့်တက်၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဘားအံမြို့ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် အမှတ်(၂)ရပ်ကွက်၊ ဆယ်အိမ်စု၊ အမှတ် (၅)ရပ်ကွက် အောင်နန်း(၅)လမ်း၊ အမှတ်(၁)ရပ်ကွက် အုတ်ဖို(၅)လမ်း၊ အမှတ်(၅)ရပ်ကွက် ရဲဘော်ဈေး၊ ရာဘာခြံ(၄/၅)လမ်းတို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါရေဝင်ရောက်သည့်နေရာများသို့ ခရိုင်၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ရေဘေးအန္တရာယ်ကျရောက်ပါက ရေလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် လှည့်လည်ဆော်ဩပေးခြင်း၊ နီးစပ်ရာဆွေမျိုးများအိမ်သို့ ရွှေ့ပြောင်းပေးခြင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)