အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နိုင်ငံတော်သို့ စွန့်လွှတ်အပ်နှံမြေ (၇.၂၅) ဧကအား ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူးထံ ပြန်လည်ပေးအပ်သည့်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နိုင်ငံတော်သို့ စွန့်လွှတ်အပ်နှံမြေ (၇.၂၅) ဧကအား ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူးထံ ပြန်လည်ပေးအပ်သည့်အခမ်းအနားကျင်းပ




MNP ၊  ဩဂုတ်  ၂၅

အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နိုင်ငံတော်သို့စွန့်လွှတ်အပ်နှံမြေ(၇.၂၅)ဧကအား ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူး (ကော်လိတ္တော်အရာရှိ) ထံ ပြန်လည်ပေးအပ်သည့် အခမ်းအနားကို ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်းရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။


အခမ်းအနားတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဗိုလ်မှူးချုပ်ကျော်စိုးလွင်က အမှာစကားပြောကြားပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် တာဝန်ရှိသူတစ်ဦးမှ စွန့်လွှတ်အပ်နှံမြေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ စွန့်လွှတ်အပ်နှံမြေ(၇.၂၅)ဧကနှင့်ပတ်သက်သည့် စာရွက်စာတမ်း အထောက် အထားများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို(ကော်လိတ္တော်အရာရှိ)ထံ ပြန်လည်ပေးအပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုက စွန့်လွှတ်အပ်နှံမြေ (၇.၂၅) ဧကနှင့်ပတ်သက်သည့် စာရွက်စာတမ်းများအားလွှဲပြောင်းလက်ခံ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။


မြင့်ဟန် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)