အုတ်တွင်းမြို့နယ်၌ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် လိုက်လျောညီထွေဖြစ်စေမည့် ရေစီမံခန့်ခွဲမှုစနစ် တွေ့ဆုံဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့နယ်၌ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် လိုက်လျောညီထွေဖြစ်စေမည့် ရေစီမံခန့်ခွဲမှုစနစ် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်


MNP ၊  ဩဂုတ်  ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် လိုက်လျောညီထွေဖြစ်စေမည့် ရေစီမံခန့်ခွဲမှုစနစ် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပိတောက်ခင်ကျေးရွာအနီး တောင်သူပညာပေးရှင်းလင်းဆောင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။


တွေ့ဆုံပွဲတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဇော်မင်းထွဋ်က စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေသည် အရေးပါသောအချက်ဖြစ်၍ လာမည့်အယ်လ်နီညိုကာလတွင် ရေကိုကြိုတင်စုဆောင်းထားရှိရန်၊ ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်သည့် မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရန်နှင့် စိုက်နည်းစနစ် နည်းလမ်းများရွေးချယ်စိုက်ပျိုးရန်၊ တမံ၊ ရေလွှဲဆည်၊ တူးမြောင်းများမှ စိုက်ပျိုးရေပေးဝေမှုနှင့်ထိန်းသိမ်းပြုပြင်ခြင်းများအား ဌာနနှင့်ပူးပေါင်းဆောင်ရွက်ရန် အမှာစကားပြောကြားသည်။ ဆက်လက်၍ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူးဦးကိုကိုဦးက ရေကိုအလေအလွင့်နည်းပါးအောင်ချွေတာသုံးစွဲရန်ပြောကြားပြီး ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန စက်မှုတိုင်း(၂)ညွှန်ကြားရေးမှူးဦးမောင်မောင်ချိုက ရာသီဥတုပြောင်း လဲမှုဖြစ်စဉ်ကြောင့်လိုက်လျောညီထွေဖြစ်စေမည့် ရေစီမံခန့်ခွဲမှုစနစ်ကို ပြောင်းလဲဆောင်ရွက်ရန်မှာကြား၍ တက်ရောက်လာသော တောင်သူများ၏ တင်ပြချက်များကို ညှိနှိုင်းဆွေးနွေးသည်။


ထိုဆွေးနွေးပွဲသို့ တောင်ငူ၊ ရေတာရှည်၊ ဆွာ၊ အုတ်တွင်းမြို့နယ်များအတွင်းရှိ ခပေါင်းဆည်ရေသောက်၊ ပသိဆည်ရေသောက်၊ မင်းရဲဆည်ရေသောက်၊ ရေသိုးဆည်ရေသောက်၊ ကမ်းနီဆည်ရေသောက်၊ ဆွာဆည်ရေသောက်တို့မှ ဆည်ရေအသုံးချသူများအဖွဲ့ခေါင်းဆောင် တောင်သူ(၄၂)ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ သိရသည်။


အေမင်းရည်စော

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)