ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် သီတဂူဆရာတော်ကြီးထံ သွားရောက်ဖူးမြော်ကြည်ညို၍ ဩဝါဒခံယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် သီတဂူဆရာတော်ကြီးထံ သွားရောက်ဖူးမြော်ကြည်ညို၍ ဩဝါဒခံယူ


MNP ၊ ဩဂုတ် ၂၃

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်သည် စစ်ကိုင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ သောတာပန်ရပ်ကွက် သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီ ရိပ်သာ၌ နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိသီတဂူဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရအား သွားရောက်ဖူးမြော်ကြည် ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဩဝါဒခံယူသည်။

ထိုသို့ ဖူးမြော်ကြည်ညိုစဉ် သီတဂူဆရာတော်ကြီးက ကမ္ဘာတွင်ထေရဝါဒဗုဒ္ဓဘာသာ၏ ဗဟိုချက်မဖြစ်စေရန်၊ မြန်မာနိုင်ငံတွင် World Buddhist Conference ကမ္ဘာ့ ဗုဒ္ဓညီလာခံကျင်းပနိုင်ရေးကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ သာသနာနှစ် ၂၄၁၅ ခုနှစ်၊ မင်းတုန်းမင်းလက်ထက်တွင် ပဉ္စမသင်္ဂါယနာတင်နိုင်ခဲ့ပြီး ကျောက်စာချပ်ရေ ၇၂၉ ချပ် ဖြင့် ကမ္ဘာတည်သရွေ့မပျက်ပြယ်သည့် ကျောက်ထက်အက္ခရာတင်နိုင်ခဲ့ပါကြောင်း၊ သာသနာတော်နှစ် ၂၄၉၈ ခုနှစ် သမ္မတဦးဘဦးနှင့် ဝန်ကြီးချုပ်ဦးနုလက်ထက်တွင် ဘုရားဟော ပိဋကတ်တော်များကို ပုံနှိပ်မှတ်တမ်းတင်၍ ဆဋ္ဌသင်္ဂါယနာတင်နိုင်ခဲ့ကြောင်း၊ သာသနာနှစ် ၂၅၆၇ ခုနှစ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်တွင် ပိဋကတ်သုံးပုံဆဋ္ဌသင်္ဂါယနာမူ ပါဠိတော်ကို ပါဠိ-ရိုမန် နှစ်ဘာသာရေးထိုး၍ ကျောက်စာချပ်ရေ ၇၂၀ ဖြင့် ကမ္ဘာတည်သရွေ့မပျက်စီးနိုင်သော ကျောက်ထက် အက္ခရာတင်နိုင်ခဲ့သည့် ကမ္ဘာ့သမိုင်းမှတ်တမ်းထူနိုင်ခဲ့ကြောင်း၊ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီးကို Preservation, Promotion, Propagation တည်တံ့၊ မြှင့်တင်၊ ပြန့်ပွားအောင်စသည့် အချက်(၃) ချက်နှင့် အညီ ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုအပ်ကြောင်း မိန့်ကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သီတဂူဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာ အကယ်ဒမီရိပ်သာအတွင်းရှိ အဘိဓဇစေတီတော်အတွင်း တည်ထားကိုးကွယ်တော်မူသော နှစ်ကျိပ်ရှစ်ဆူကျောက်ဆင်းတုတော်များ၊ ပြည်ပနိုင်ငံအသီးသီးမှ စေတီပုထိုးပုံစံများအတိုင်း တည်ထားပူဇော်ထားသော စေတီပုထိုးများ၊ စစ်ကိုင်းရာဇမဏိစူဠာကောင်းမှုတော်ဘုရားနှင့် မန္တလေးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးတို့အား လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)