ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ဝမ်းတွင်းမြို့နယ် ဖလန်ကန်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ဝမ်းတွင်းမြို့နယ် ဖလန်ကန်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး


MNP ၊  ဩဂုတ်  ၃

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ဖလန်ကန်ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်  ပြည်​ထောင်စုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဖလန်ကန်ကျေးရွာရှိ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှု့စစ်ဆေးခဲ့သည်။ ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်သည် ဖလန်ကန်ကျေးရွာရှိ ရေကော်မတီဝင်များ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး ရေပေးရေးလုပ်ငန်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များအား ဆွေးနွေးပြောကြားခဲ့သည်။


အဆိုပါ ဖလန်ကန်ကျေးရွာတွင် ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်  ပြည်ထောင်စုရန်ပုံငွေဖြင့် အကျယ် ၄လက်မ အနက် ပေ ၆၀၀ရှိ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း၊ အင်ဂျင်+ ဒိုင်နမို+ 3HP submersible တပ်ဆင်ခြင်းလုပ်ငန်း၊ ဂါလံ ၅၀၀၀ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း လုပ်ငန်းနှင့် အလျား ၁၀ပေ၊ အနံ ၈ပေ၊ အမြင့်၈ပေရှိ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်လက်၍  ဒုတိယညွှန်ကြားရေးမှူးချုပ်သည် ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


သိန်းမြင့်ကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)