ပွင့်ဖြူမြို့နယ်၌ သီးနှံတိုးချဲ့စိုက်ပျိုးမည့် တောင်သူများအတွက် သီးနှံမျိုးစေ့နှင့် သွင်းအားစုများ အခမဲ့ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ သီးနှံတိုးချဲ့စိုက်ပျိုးမည့် တောင်သူများအတွက် သီးနှံမျိုးစေ့နှင့် သွင်းအားစုများ အခမဲ့ ထောက်ပံ့ပေးအပ်






MNP ၊  ဩဂုတ်  ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ဒေသအတွင်းသီးနှံတိုးချဲ့စိုက်ပျိုးမည့် တောင်သူများအတွက် သီးနှံမျိုးစေ့နှင့်သွင်းအားစုများ အခမဲ့ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ် ၁၇ ရက်၊ နံနက် ၉ နာရီခွဲအချိန်က ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဗိုလ်ဥတ္တမခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သီးနှံစိုက်တောင်သူများ တက်ရောက်ခဲ့ကြသည်။


ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မာစေရေး၊ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအစီအစဉ်ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ယခုလိုအခမဲ့ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း၊ ထိုအပြင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိအောင်ဆောင်ရွက်မည့် တောင်သူများအတွက် ယူရီယားဓာတ်မြေဩဇာကို သတ်မှတ်ခွဲတမ်းအလိုက် တစ်အိတ်လျှင် ငွေကျပ် ၃၆၀၀၀ နှုန်းဖြင့် စျေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးဒေါ်မိုးမိုးဝေက ပြောသည်။


ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီတွင် ကျေးရွာအုပ်စု (၁၄) အုပ်စုမှ ဝါစိုက်တောင်သူများ၏ စိုက်ဧက ၁၆၉၅ ဧကအတွက် တစ်ဧကလျှင် (၂)ပိဿာ နှုန်းဖြင့် ဝါသီးနှံမျိုးစေ့ ၃၃၈၉ ပိဿာနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးမည့် ဧက ၁၃၀၀ အတွက် ကွန်ပေါင်းဓါတ်မြေဩဇာ (၄)ဧကလျှင် တစ်အိတ်နှုန်းဖြင့် ၃၂၅ အိတ်၊ ကျေးရွာအုပ်စု (၂၃) အုပ်စုမှ နေကြာစိုက်တောင်သူများ၏ စိုက်ဧက ၂၅၀ ဧကအတွက် တစ်ဧကလျှင် (၃) ကီလိုအိတ် တစ်အိတ်နှုန်းဖြင့် နေကြာမျိုးစေ့ ၂၅၀ အိတ်၊ ကျေးရွာအုပ်စု (၁၀) အုပ်စုမှ သီးနှံစိုက်တောင်သူများ၏ စိုက်ဧက ၁၀၀ အတွက် ပေါင်းသတ်ဆေးတစ်ဧကလျှင် (၅)ထုပ် တန်ဖိုးအားဖြင့် ၁၅၀၀၀ ကျပ်နှုန်းဖြင့် အထုပ် (၅၀၀)ကို တာဝန်ရှိသူများက သီးနှစိုက်တောင်သူများထံ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးဌာနမှ သိရသည်။


မောင်မောင် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)