ကလိန်အောင်မြို့ အခြေခံပညာအထက်တန်း‌ကျောင်း၌ ဆရာ/ဆရာမများနှင့် ဝန်ထမ်း မိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများအား ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလိန်အောင်မြို့ အခြေခံပညာအထက်တန်း‌ကျောင်း၌ ဆရာ/ဆရာမများနှင့် ဝန်ထမ်း မိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများအား ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး


MNP ၊  ဩဂုတ်  ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ရေဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးမြင့် ဦးဆောင်သည့်ဝန်ထမ်းများအဖွဲ့က ဦးတည်အုပ်စုများသတ်မှတ်၍ " e-ID စနစ်ဆောင်ရွက်ဖို့ လူမှုစီးပွား မြှင့်တင်စို့ ဆောင်ပုဒ်နှင့်အညီ နိုင်ငံအတွင်းနေထိုင်သည့် အသက်(၁၀)နှစ်ပြည့်ပြီးသူများကို အီလက်ထရောနစ်စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင်ရာအချက်အလက်များ (Biometric Data)ကို ကောက်ယူမှတ်တမ်းတင်ကာ ဂဏန်း(၁၀)လုံးပါသည့် UID (Unique Identity) (Unique ID) နံပါတ်ပါစာရွက်ကို ကာယကံရှင်ထံ ချက်ခြင်းပြန်လည်ထုတ်ပေးခြင်းလုပ်ငန်းကို ဩဂုတ် ၂၈ ရက်နံနက် ၁၀ နာရီက အဆိုပါကျောင်းရှိ ဆရာ/ဆရာမများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများအား ကွင်းဆင်း၍နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ကလိန်အောင်မြို့ အ‌ခြေခံပညာအထက်တန်း‌ကျောင်းရှိ ဆရာ/ ဆရာမများ၊ဝန်ထမ်းများ၏ မိသားစုဝင်များ၊ အသက်(၁၀)နှစ်ပြည့်ပြီး ကျောင်းသား/သူများအား လူတစ်ဦးချင်းစီ၏  (Biometric Data) ကိုယ်ရေးအချက် အလက်များကိုကောက်ယူပြီး၊ Database အတွင်းသို့ထည့်သွင်းခြင်း လုပ်ငန်းဆောင်ရွက်ရာမှာ သတ်မှတ်(ပုံစံ-၁)ဖြင့် မျက်လုံး၊ မျက်နှာ၊ လက်‌ဗွေ စသည့်တို့ကို Screen ဖတ်ပြီး Biometric Data များစာရင်းကောက်ယူ ပြီးစီးသည့်လူတစ်ဦးချင်းစီအား QR Code ပါပြီး ဂဏန်း (၁၀) လုံးပါသည့် Unique ID နံပါတ်စာရွက်ကို ပြန်လည်ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။  


အဆိုပါ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပေးခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းအုပ်ဆရာမကြီးဒေါ်ရီရီဝင်းနှင့် ဆရာ/ဆရာမများက လိုအပ်သည်များပေါင်းစပ်ဆောင် ရွက်ပေးပြီး အသက်(၁၀)နှစ်အထက် နိုင်ငံ့သားစိစစ်‌ရေးကတ်ပြားရှိပြီးသူ ကျောင်းသား/သူများ၊ ဆရာ/ဆရာမများနှင့် ဝန်ထမ်းမိသားစုဝင်များ စုစုပေါင်း (၁၈၅) ဦးတို့အား  (Biometric Data) ဆိုင်ရာများကောက်ယူ၍ QR Code ပါပြီး ဂဏန်း(၁၀)လုံးပါသည့် Unique ID နံပါတ်စာရွက်ကို တစ်ဦးချင်းစီအား ထုတ်ပေးနိုင်ခဲ့ကြောင်း အဆိုပါ ရေဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံးမှ တာဝန်ရှိသူထံမှ သိရသည်။ 


ခင်ခင်လဲ့

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)