နတ်မောက်မြို့နယ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကွန်ကရစ်တံတားတည်ဆောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကွန်ကရစ်တံတားတည်ဆောက်


MNP ၊  ဩဂုတ်  ၂၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျားမင်းလမ်းနှင့် မြစည်းခုံလမ်းထောင့် (ရန်အောင်မြင်လမ်း) ကွန်ကရစ်တံတား တည်ဆောက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။


နတ်မောက်မြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျားမင်းလမ်းနှင့် မြစည်းခုံလမ်းထောင့် (ရန်အောင်မြင်လမ်း) ကွန်ကရစ်တံတားကို အရှည် ၃၀ ပေ၊ အနံ ၃ ပေဖြစ်ပြီး ခွင့်ပြုရန်ပုံငွေကျပ်သန်း (၃.၇၀) ဖြင့် ဆောင်ရွက်လျက်ရှိရာ တာဝန်ခံ အင်ဂျင်နီယာမှ သတ်မှတ်သည့် ကာလအတွင်း စံချိန်စံညွှန်းများနဲ့အညီ အချိန်မီပြီးစီးနိုင်ရေး အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


လှဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)