မြစ်သားမြို့နယ် ရွှေပေါ်ကျွန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများ ထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့နယ် ရွှေပေါ်ကျွန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများ ထုတ်ချေး



MNP ၊  ဩဂုတ်  ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်ကြရာတွင် ကျေးလက်ဒေသပြည်သူများအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲပိုင်းက ရွှေပေါ်ကျွန်းကျေးရွာအုပ်စု၊  ရွှေပေါ်ကျွန်းကျေးရွာ  ရွာဦးဘုန်းကြီးကျောင် းအတွင်း၌  လုပ်ငန်းလုပ်ကိုင်သူများ လက်ဝယ်အရောက် ရန်ပုံငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


‌ရှေးဦးစွာ မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိသော်က မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှု လျှော့ချစေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများ၊ အခြားမိသားစုများ ဝင်ငွေတိုးပွားရေးအတွက် ဆောင်ရွက်နိုင်စေရန်၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်နိုင်စေရန် ၊ ရန်ပုံငွေများထုတ်ချေးပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍  မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ ရွှေပေါ်ကျွန်းကျေးရွာ၌ စိုက်ပျိုးရေး၊မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ စုစုပေါင်း အသင်းသား( ၂၈၈ )ဦးကို မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကျပ်  ( ၅၂၁၃၀၀၀၀ ) သိန်း  ထုတ်ချေးပေးခဲ့ကြောင်း  မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။


ဝင်းမင်းထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)