ပေါင်မြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြန်မာ့သိုင်းသင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြန်မာ့သိုင်းသင်တန်းဆင်းပွဲ ကျင်းပ







MNP ၊  ဩဂုတ်  ၂၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြန်မာ့သိုင်းသင်တန်းဆင်းပွဲကို (အထက)ဇင်းကျိုက်၊ရတနာမွန်ခန်းမ၌ ယနေ့ နေ့လယ် (၁)နာရီကက ကျင်းပခဲ့သည်။


သင်တန်းတွင် ဇင်းကျိုက်မြို့အုပ်ချုပ်ရေးမှူး ဦးဝေတိုးအောင် က ယခုလို သိုင်းသင်တန်းများဖွင့်လှစ်ရခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများ  ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြက်သော လူရည်ချွန် များပေါ်ထွက်လာအောင် ဆောင်ရွက်ပေးသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း အမှာစကားပြောကြားသည်။


ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးသီတာအောင်  ကမြန်မာ့အားကစားကမ္ဘာကိုလွှမ်းရမည်ဆိုသည့်ဆောင်ပုဒ်အတိုင်း  အားကစား ကိုကြိုးစားသင်ယူပေးခဲ့သည့်အတွက် ထူးချွန်သည့် သင်တန်းသားများအား  မြို့နယ်အဆင့် ၊ ပြည်နယ်အဆင့် မှ နိုင်ငံတော်ကိုကိုယ်စားပြုသည့်အထိ  ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲသည်။


ထို့နောက် ကျောင်းအကျိုးတော်ဆောင်  ကြက်‌ခြေနီအသင်းဥက္ကဌ ဦးအောင်မင်းနိုင် က ကျေးဇူးတင်စကားပြောကြားပြီးသင်တန်းသား၊သင်တန်းသူများက မိမိတို့သင်ယူတက်မြောက်ထားသည့် သိုင်းကွက်များဖြင့် သရုပ်ပြသခဲ့သည်။အဆိုပါ သိုင်းသင်တန်းဖွင့်လှစ်ရာတွင် သင်တန်းဆရာ (၄)ဦးက  သင်တန်းသား၊သင်တန်းသူ (၇၇)ဦး  အား (၁၆) ရက်ကြာ သင်ကြားပြသခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)