ပေါက်တောမြို့ အမှတ်(၃) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်အသိပညာပေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့ အမှတ်(၃) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်အသိပညာပေးပြုလုပ်





MNP ၊  ဩဂုတ်  ၂၃

 ရခိုပြည်နယ်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ နယ်လှည့်အသိပညာပေး ဟောပြောပွဲ၊စာအုပ်စာစောင်ပြပွဲ နှင့် နံရံကပ်စာစောင်ပြပွဲကို ယ​နေ့ နံနက် ၉ နာရီက ပေါက်တောမြို့ အမှတ် (၃) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း စုပေါင်းခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန် က လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့်လည်းကောင်း ဟောပြောကြပြီး ကျောင်းသား ေကျာင်းသူများက သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးသည်။


ယင်းနောက် တက်ရောက်လာကြသည့် ဆရာ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် စာအုပ်စာစောင်များ နှင့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ဝင်းမင်းစိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)