ဆိုင်ကလုန်း “မိုခါ” သဘာဝဘေးအန္တရာယ် သင့်ခဲ့ရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေများ လွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိုင်ကလုန်း “မိုခါ” သဘာဝဘေးအန္တရာယ် သင့်ခဲ့ရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေများ လွှဲပြောင်းပေးအပ်





MNP ၊ သြဂုတ် ၂၃

ဆိုင်ကလုန်း “မိုခါ” သဘာဝဘေးအန္တရာယ်သင့်ခဲ့ရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများမှ ဝန်ထမ်းများ၊ မြန်မာသံရုံးများမှတစ်ဆင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများက လှူဒါန်းသည့် အလှူငွေများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ၂၂-၈-၂၀၂၃ ရက်နေ့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လွှဲပြောင်းပေးအပ်ရာတွင် နိုင်ငံခြားငွေ (၅) မျိုး၊ မြန်မာကျပ် အပါအဝင် စုစုပေါင်းကျပ် ၈၄,၁၁၄,၀၀၀/- နှင့် တိုကျိုမြို့ အခြေစိုက် Asia-Pacific Ladies Friendship Society (ALFS) အသင်းကြီးက မြန်မာသံရုံး၊ တိုကျိုမြို့မှတစ်ဆင့် လှူဒါန်းသည့် ဂျပန်ယန်း ၆၂၁,၀၀၀/- နှင့် ညီမျှသည့် မြန်မာကျပ် ၉,၃၁၅,၀၀၀/- စုစုပေါင်း မြန်မာကျပ် ၉၃,၄၂၉,၀၀၀/-(ကျပ် ကိုးရာသုံးဆယ့်လေးသိန်း နှစ်သောင်းကိုးထောင် တိတိ) အား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ကိုယ်စား ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ထံသို့  လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)