စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းက အမြန်ဆုံးအောင်မြင်ရန်အတွက် အသေချာဆုံးနည်းလမ်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းက အမြန်ဆုံးအောင်မြင်ရန်အတွက် အသေချာဆုံးနည်းလမ်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား


MNP ၊ သြဂုတ် ၂၉

မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ဩဂုတ် ၂၈ ရက် နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ကဏ္ဍပေါင်းစုံတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ကြရာ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း အခု ၂၀ ရှိပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၄ ခု ရှိပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း မကွေးတိုင်းဒေသကြီးအတွင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် သဘာဝဓာတ်ငွေ့နှင့် နေရောင်ခြည်စွမ်းအင်(HYBRID)သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းတစ်ခု ဝင်ရောက်ခဲ့ပါကြောင်း၊ လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုဝင်ရောက်လာခြင်းကြောင့် အကျိုးကျေးဇူးအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကကျသည့် လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရာရောက်ပါကြောင်း၊ နိုင်ငံတော်တစ်ဝန်းလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံသူ/ နိုင်ငံသားများ၏ စားဝတ်နေရေး၊ လူနေမှုဘဝအဆင်ပြေချောမွေ့နိုင်မည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြသည့်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းက အမြန်ဆုံးအောင်မြင်ရန်အတွက် အသေချာဆုံးနည်းလမ်းဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ တစ်ပိုင်တစ်နိုင် MSME လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအထိ တက်လှမ်းနိုင်စေရေးနှင့် ပြည်ပပို့ကုန်များ တင်ပို့နိုင်သည်အထိ တက်လှမ်းနိုင်ရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပါ အခွင့်အရေးများဖြစ်သည့် ကင်းလွတ်ခွင့်၊ သက်သာခွင့်များကို MSME လုပ်ငန်းရှင်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရေးကိုလည်း တစိုက်မတ်မတ်ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်ရေးအတွက် ဖိတ်ခေါ်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် လုပ်ငန်းအပေါ် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ မကွေးမြို့နယ်စုပေါင်းရုံး(ဒုတိယထပ်)၊ ပြည်တော် သာ ၁ လမ်း၊ ပြည်တော်သာရပ်ကွက် မကွေးမြို့ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်းသိရသည်။


မောင်ညီညာ

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)