ဒေါပုံမြို့နယ်တွင် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေါပုံမြို့နယ်တွင် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပဆောင်ရွက်


MNP ၊  ဩဂုတ်  ၂၁

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ဒေါပုံမြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မင်းအေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှတ်(၆)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့မှ ရဲအုပ်သန်းထွန်းနိုင်က လူကုန်ကူးမှုအန္တရာယ်နှင့်ပတ်သက်၍  လူကုန်ကူးမှုဖြစ်ပေါ်လာပုံ၊ ကမ္ဘာနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုအမျိုးအစားများနှင့် ဆိုးကျိုးများ၊ မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ဟောပြောဆွေးနွေးခဲ့ပါသည်။


ထို့နောက် ဒေါပုံမြို့နယ် ဒု-မြို့နယ်ဥပဒေအရာရှိ ဦးထက်မြတ်ကျော်က လူကုန်ကူးမှုအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများအားလုံးပူးပေါင်းဆောင်ရွက်ရမည့် နည်းလမ်းများ၊ လူကုန်ကူးခံရသူများအား ဥပဒေနှင့်အညီ ကာကွယ်ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဥ်များ၊ လူကုန်ကူးသူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများစသည်တို့ကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များကို တာဝန်ရှိသူများက အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ချစ်စုဝေ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)