သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သစိကိုင်းကျိုးကျပြီး အိမ်ရှေ့အမိုးပျက်စီးခဲ့ရသည့် မိသားစုများအား ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သစိကိုင်းကျိုးကျပြီး အိမ်ရှေ့အမိုးပျက်စီးခဲ့ရသည့် မိသားစုများအား ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ပေးအပ်


MNP ၊  ဩဂုတ်  ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့ နံနက် ၆ နာရီအချိန်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်း ကျိုးကျပြီး အိမ်ရှေ့အမိုးပျက်စီးခဲ့ရသည့် မိသားစုများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့ ညနေ ၂ နာရီခွဲအချိန်က ဆန်ရိက္ခာ နှင့် အိမ်ဆောက် ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်ခဲ့သည်။


ဆီဆုံ ကျေးရွာအုပ်စု၊ သရက်အုပ်ကျေးရွာ၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဦးဌေးလွင်တို့ နေထိုင်ရာ နေအိမ်ရှေ့ရှိ ကုက္ကိုပင်အကိုင်း ကျိုးကျပြီး အိမ်ရှေ့အမိုးပျက်စီးနေအိမ် (၁)လုံးတွင် အိမ်ထောင်စု(၁)စုမှ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ(၆၃၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀) ပေါင်းရန်ပုံငွေ (၃၆၃၀၀)ကျပ်တို့ကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်းမှ ဘေးသင့်မိသားစုလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။


မျိုးဇော်သိန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)